မြန်မာ-ဗီယက်နမ် ဆီမီးဖိုင်နယ်ပွဲစဉ် အချိန်ပြောင်း

၂၀၁၄ အာဆီယံ ယူ ၁၉ ချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပွဲအ ဖြစ် မြန်မာယူ ၁၉ အသင်းနဲ့ ဗီယက်နမ် ယူ ၁၉ အသင်း တို့ ယှဉ်ပြိုင်ကစားမယ့်အချိန်ကို စက်တင်ဘာ ၁၁ ရက်
နေ့ ညနေ ၄ နာရီအစား ည ၆း၄၅ နာရီကို ပြောင်းလဲ လိုက်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြေ ညာထားပါတယ်။

အိမ်ရှင်နိုင်ငံရဲ့ ပရိသတ်တွေ အဆင်ပြေစေရေးအတွက် အသင်းမန်နေဂျာတွေနဲ့ မနေ့က ညှိနှိုင်းတိုင်ပင်ပြီး အခု လို အချိန်ပြောင်းလိုက်တာလို့ ဆိုပါတယ်။

ဒါကြောင့် ဆီမီးဖိုင်နယ် ပထမပွဲစဉ်အဖြစ် ညနေ ၄ နာရီမှာ ဂျပန်နဲ့ထိုင်း၊ ည ၆း၄၅ နာရီမှာ မြန်မာနဲ့ ဗီယက် နမ်အသင်းတို့ ဗီယက်နမ်နိုင်ငံ my dinh အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

မြန်မာအသင်းယှဉ်ပြိုင်မယ့် ပွဲစဉ်တွေကို မြန်မာ့ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့်ပြသွားမယ်လို့ ကြေ ညာထားပါတယ်။
DVB

မှတ်ချက်များ