မြိတ်မြို့ ကမ်းနားလမ်း လက်ရန်း သံပိုက်လုံးပေါ်မှ ပြုတ်ကျ၍ လူသေဆုံး
မြိတ်မြို့ ကမ်းနားလမ်း ပလက်ဖောင်းပေါ်တွင် ထိုင်နေရာမှ ရေထဲပြုတ်ကျ၍ လူသေဆုံးမှု တစ်ခု ၂၀၁၄ ခုနှစ် စက်တင်ဘာ (၈) ရက်နေ့ ည(၁၀)နာရီ အချိန်ကျော်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြိတ်မြို့ ကန်ကြီးနယ်မြေ ကွက်သစ်ရပ် (စီ)လမ်းတွင် နေထိုင်သူ (ဘ) ဦးအင်စွီး၏ သား မောင်ချမ်းမြေကိုကို အသက်(၂၃) သည် မြိတ်မြို့ ကန်ကြီး ရပ်ကွက် ကမ်းနားလမ်း GOLDEN HOUSE စားသောက်ဆိုင်ရှေ့ မျက်နှာချင်းဆိုင် ကမ်းနားလမ်း ပလက်ဖောင်းရှိ သံပိုက်လုံး လက်ရန်း ပေါ်တွင် တစ်ဦးတည်း ထိုင်နေရာမှ ရေထဲ ပြုတ်ကျ ခဲ့ပြီးနောက် ရေနစ်မြှုပ်သွားသဖြင့် ရှာဖွေရာ စက်တင်ဘာလ (၉)ရက်နေ့ နံနက် (၂)နာရီ ခွဲ အချိန်ခန့်၌ ၄င်းထိုင်နေသည့် နေရာနှင့် (၁၅) ပေခန့် အကွာတွင် ပြင်ပဒဏ်ရာ မရှိဘဲ အလောင်း အဖြစ် ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မြိတ်မြို့ မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၅၈/ ၂၀၁၄)ဖြင့် အမှု ရေးဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
မြိတ်ပုလဲမြေ

မှတ်ချက်များ