ကလေးမြို့သစ်စီမံကိန်းကို မြို့၏တောင်ဘက်ပိုင်းတွင် မြေဧက၁၅၉ဝဖြင့် အကောင်အထည်ဖော်မည်
စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့ ကွက်သစ်စီမံကိန်းကို မြို့၏ တောင်ဘက်ပိုင်းတွင် မြေဧက ၁၅၉ဝ အသုံးပြု၍ မြို့ကွက်သစ် ဖော်မည်ဖြစ်ပြီး စီမံကိန်းမြေနေရာ ပေါ်တွင် စီးပွားရေး၊ သာသနာရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး အဆောက်အအုံများနှင့် အိမ်ရာစီမံ ကိန်းများကို တည်ဆောက်သွားရန် လျာထား
ကြောင်းသိရသည်။
''နောင်အနှစ်၂ဝမှာ တိုးတက် လာမယ့် လူဦးရေ ၁ ဒသမ ၅ သိန်းခန့် တိုးလာမယ်လို့ ခန့်မှန်း ထားပါတယ်။ တိုးလာတဲ့လူဦးရေ နဲ့ အိမ်ရာလိုအပ်ချက်ကလဲ တစ် သောင်းကျော်လောက်ရှိလာမယ် လို့ခန့်မှန်းထားတာ
ကြောင့် လက်ရှိ မြို့ကွက်နဲ့မြို့ကွက်သစ်ဖော်လိုက် မယ့်နေရာနဲ့ဆို လုံလောက်မယ်လို့ ခန့်မှန်းထားပါတယ်'' ဟုတိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်းကပြောသည်။
မြို့ကွက်သစ်နေရာကို လက်ရှိ ကလေးမြို့၏ မြို့ပြဖွံ့ဖြိုးမှုပုံစံအရ နောင်တစ်ချိန် ဖွံ့ဖြိုးတိုးတက်လာ မည့်မြို့ရှောင်လမ်း၏ တောင်ဘက် အကြားနေရာကို တိုးချဲ့မည့်နေရာ အဖြစ်လျာထားပြီး စိမံကိန်းအရှေ့ ဘက်တွင် အောင်သစ္စာရပ်ကွက်၊ အနောက်ဘက်တွင်မြို့လှရပ်ကွက်၊ မြောက်ဘက်တွင်အောင်ဇေယျရပ် ကွက်တို့တည်ရှိကြောင်းသိရသည်။
အထက်ချင်းတွင်းဒေသတွင် ကလေးမြို့သည်ဖွံ့ဖြိုးမှုအားကောင်း သောမြို့ဖြစ်ပြီး အိမ်ရာလိုအပ် ချက်မှာ လည်းတစ်နှစ်ထက်တစ်နှစ် များပြားလာကြောင်း၊ ယခုလက်ရှိ ကလေးမြို့ပေါ်တွင် အိမ်ဝိုင်းလိုအပ် ချက်မြင့် မားမှုကြောင့် ပေ(၆ဝx၄ဝ) အိမ်ဝိုင်းတစ်ဝိုင်းလျှင် လမ်းဘေး ဆိုပါကသိန်း၅ဝဝဝပတ်ဝန်းကျင် တွင်ရှိကြောင်း ကလေးမြို့ဒေသခံ တစ်ဦးက ပြောသည်။
လဝန်းချို | The Union Daily

မှတ်ချက်များ