၃.၉.၂၀၁၄ ရက်နေ့ ၀၉၀၀ အချိန် ဆိပ်ကြီး ခနောင်တိုမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဆိပ်ကြီး ခနောင် တို ပြည်သူ့ဆေးရုံသို့ အမျိုးသား
နှစ်ဦး ဓါတ်လိုက်ခံရ သဖြင့် တစ်ဦးမှာ ဒဏ်ရာရရှိပြီး အခြားအမျိုးသား တစ် ဦးမှာ သေဆုံး၍ ရောက်ရှိ လာကြောင်း သတင်းအရ သွားရောက် စစ်ဆေး ခဲ့ပါသည်။
ထိုသို့သွားရောက်စစ်ဆေးရာ ဒဏ်ရာရရှိသူမှာ ဆိပ်ကြီး ခနောင်တိုမြို့ နယ်နေ ကိုချစ်ကို(၁၈)နှစ်ဖြစ်ပြီး အ တွင်းလူနာ(မစိုးရိမ်ရ)အဖြစ်ကုသ မှု ခံယူလျက်ရှိကာ သေဆုံးသူမှာ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင် မြို့နယ်နေ ကိုကျော်မင်းထွန်း (၂၇)နှစ်ဖြစ်ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်မှာ ၎င်းတို့(၂)ဦးသည် သင်္ဘောကျင်းလုပ်သားများဖြစ်ကြ
ကြောင်း ၊ ၃.၉.၂၀၁၄ ရက်နေ့ ၀၈၃၀ အချိန် ခန့်တွင် ဆိပ်ကြီးအ
ရှေ့ရပ်ကွက်၊ န၀ရတ် သင်္ဘောလွန်းကျင်းရှိ လွန်းတင်ပြင်ဆင် ထားသော စီဘီဖလက် တွဲကျောက်တင် သင်္ဘောဝမ်းဗိုက်တွင် လွန်းတုံးခု၍ ပြုပြင်ဆောင်ရွက်နေစဉ်
ပေါက်နေသည့် လျှပ်စစ်ဝါယာ ကြိုးနှင့် ထိနေသော လျှပ်စစ်စီးဝင်နေသည့် သင်္ဘောကိုယ်ထည်ကို ၎င်း တို့၏ ကျောပြင်နှင့်ထိမိခဲ့သဖြင့် ဓါတ်လိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုသို့ဓါတ်လိုက်ခံရသဖြင့် ကိုချစ်ကိုတွင် ၀ဲဘက်လက်ခုံနှင့် ကျောပြင် ၀ဲဘက်ခြမ်းတို့၌ ပွန်းပဲ့ဒဏ်ရာ(၁)ချက်စီရရှိခဲ့ပြီး ကိုကျော်မင်းထွန်းမှ ကျောပြင် ၌ ညိုမဲစုတ်ပြဲဒဏ်ရာများရ ရှိကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
ယင်းသို့ ကိုကျော်မင်းထွန်းသေဆုံးမှုနှင့်ပတ်သက်၍ ဆိပ်ကြီးခနောင်တိုမြို့မ ရဲစခန်း သေမှုသေခင်း အမှတ် စဉ် (၇/၂၀၁၄)ဖြစ်ရေးဖွင့်ကာ စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

မှတ်ချက်များ