ပါကစ္စတန်တွင် ဗလီအမိုးပြိုကျမှုကြောင့် ၂ ဦးသေဆုံး၊ ၂၅ ဦး ဒဏ်ရာရ


ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း လာဟိုးမြို့မှာ စက်တင်ဘာ ၉ ရက်နေ့က ဗလီအမိုးပြိုကျလို့ လူ ၂ ဦး သေဆုံးပြီး အနည်းဆုံး ၂၅ ဦး ဒဏ်ရာရတယ်လို့ ဒေသခံရုပ်သံက အစီရင်ခံပါတယ်။

ဗလီထဲ ညနေပိုင်းဘုရားရှိခိုးချိန်အတွင်း မတော်တဆဖြစ်ခဲ့တာလို့ စာမာရုပ်သံက ထုတ်လွှင့်ပါတယ်။

ဒဏ်ရာရသူ ၇ ယောက်ကို ဆေးရုံ ကို ခေါ်သွားရပြီး အပျက်အစီးတွေအောက် မှာ အကူအညီတောင်း သံတွေ ကြားနေရတယ်လို့ ဆိုပါတယ်။

အရေးပေါ် လုပ်သားတွေဟာ အပျက်အစီးတွေကို လက်နဲ့ ဖယ်ခဲ့ရတာပါ။ ပါကစ်စတန်နိုင်ငံတွင်း အဆောက်အဦ စည်းမျဉ်းတွေ အားနည်းပြီး လိုက်နာဖို့ စည်းကြပ်တာမျိုး မကြာခဏကင်းမဲ့နေတယ် လို့ ဝေဖန်သူတွေက ဆိုပါတယ်။

လတ်တလောမိုးကြီးမှုကြောင့် လာဟိုးမြို့တလွှား အမိုးပြိုကျတာတွေ အတော်များများ ဖြစ်နေလို့ လူသေဆုံး မှုတွေလည်း ရှိခဲ့ပါတယ်။

ဒီအပတ်ထဲမှာ မိုးသည်းထန်ပြီး ရေလွှမ်းမိုးမှုကြောင့် အနည်းဆုံး လူ ၁၃ ယောက် သေဆုံးပါတယ်။

နှစ်ငါးဆယ်အတွင်း အသည်းထန်ဆုံး မိုးသန်းထန်ကြီး ရေလွှမ်းမိုးမှုကြောင့် အိန္ဒိယနဲ့ ပါကစ်စတန်နိုင်ငံ ၂ ခုလုံး ရေဘေးဒုက္ခ ကြုံတွေ့နေရပါတယ်။

ပါကစ္စတန်ရဲ့ ကက်ရှ်မီးယား ဒေသနဲ့ နိုင်ငံမြောက်ပိုင်း ဒေသတွေက တောင်ကျရေတွေကြောင့် ပါကစ်စ တန်နိုင်ငံတွင်း သေဆုံးသူ ၂၀၃ ယောက်ရှိပြီလို့ သိရပါတယ်။

နိုင်ငံတွင်းမှာတော့ ဝန်ကြီးချုပ် နဝပ်ဇ် ရှာရစ်ဖ် ရာထူးက ဆင်းပေးဖို့ လမ်းပေါ်ထွက် ဆန္ဒပြ ပွဲတွေလည်း
ပေါ်ပေါက်နေပါတယ်။

DVB



မှတ်ချက်များ