အစိုးရတပ်နှင့် ကေအင်န်ယူကြား တိုက်ပွဲများပြန်ဖြစ်


ကရင်ပြည်နယ် ဖာပွန် မြို့နယ်တွင် အစိုးရတပ်နှင့် ကရင် အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၅ တို့ကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်က ဖာပွန်အမှတ်(၁) အခြေ ချစစ်ဗျူဟာမှ ခလရ(၁၉) နှင့် ကေအင်န်ယူ တပ်မဟာ(၅) လက် အောက်တပ်ရင်း(ခ) တို့အကြား ထိတွေ့မှုပြန်လည်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ညောင်လေးပင်နှင့် တောင်ငူ မြို့နယ်မှ လာရောက်နေထိုင် သူများရှိသည့် ဒုက္ခသည်စခန်း အနီးသို့ အစိုးရ တပ်မှ ၀င် ရောက်လာခြင်းကြောင့် ထိတွေ့ မှု ပြန်လည်ဖြစ်ပွားခဲ့ခြင်း ဖြစ် ကြောင်း ကရင်အမျိုးသားအ စည်း အရုံးမှ အထွေထွေအတွင်း ရေးမှူး ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။

‘‘သတ်မှတ်ထားတဲ့ နေရာ ကို ကျော်ဝင်လာလို့ ဖြစ်တာပါ’’ ဟု ၎င်းကဆိုသည်။

ကရင်အမျိုးသားအစည်းအ ရုံးသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီအတွင်း အစိုးရနှင့် အပစ်အခတ်ရပ် စဲရေးလက်မှတ် ရေးထိုးခဲ့သည်။

ထိုသို့ လက်မှတ်ရေးထိုး ထားသော်လည်း ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းက တပ်မဟာ ၅ နယ်မြေအတွင်း အစိုး ရနှင့် ကေအင်န်ယူ တိုက်ပွဲဖြစ်ပွားခဲ့ သေးသည်။

အောင်သူရ ၊ အောင်ခိုင် | 7day


မှတ်ချက်များ