ချစ်သူမိန်းကလေးအား သတ်ဖြတ်ပြီး နှလုံး၊ အဆုတ်တို့ကို စားခဲ့တဲ့ လူသားစား လူသတ်သမား

အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ် ဂျက်ဖာဆန်ဗေးမြို့မှ ဂျိုးဇက်အိုဘာဟန်ဆလေဆိုသူသည် ၎င်း၏ချစ်သူ တမ်မီဂျိုဘလန်တန်၏ နေအိမ်အတွင်း ၀င်ရောက်ပြီး အမျိုးသမီးအား သတ်ဖြတ်ကာ နှလုံး၊ အဆုပ်နှင့် ဦးနှောက်တို့ကို ထုတ်စားခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရသည်။

အသက် ၄၆ နှစ်အရွယ် ဘလန်တန်၏ အလောင်းအား သူမ၏ နေအိမ်ရေချိုးခန်းအတွင်း မိုးကာဖျင်စဖြင့် အုပ်ထားသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲများက တရားရုံးတွင် ထွက်ဆိုခဲ့သည်။

ထို့ပြင် အရိုးများ၊ သွေးများဖြင့် ပြည့်နေသည့် ပန်းကန်တစ်ချပ်နှင့်အတူ ဟင်းချက်ပစ္စည်းများကိုလည်း တွေ့ ရှိခဲ့ရသည်။

အသက် ၃၃ နှစ်အရွယ် အိုဘာဟန်ဆလေက သူ့ချစ်သူ၏ ဦးနှောက်ကို ချက်စားခဲ့ကြောင်း ၀န်ခံခဲ့သဖြင့် လူ သတ်မှု၊ အလောင်းဖျက်စီးမှု၊ အိမ်ကျော်နင်းမှုဖြင့် ၎င်း ကို တရားစွဲဆိုထားသည်။

အိုဘာဟန်ဆလေသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်းကလည်း လူတစ်ဦးကို လည်ပင်းညှစ်ပြီး ထွက်ပြေး သွားခဲ့ရာ ရဲများက အ
ခြားပြည်နယ်အထိ လိုက်လံဖမ်း ဆီးခဲ့ရပြီး အာမခံဖြင့် လွှတ်ပေး ထား သူတစ်ဦးဖြစ် သည်။

ထိုစဉ်က အာမခံကြေး ဒေါ်လာ၂၅၀၀၀ ကို အစိုးရရှေ့နေများက
တောင်းခဲ့သော်လည်းညှိနှိုင်း ပြီးနောက်ဒေါ်လာ ၅၀၀ အာမခံဖြင့်
လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အိုဘာဟန်ဆလေသည် ၁၉၉၈ခုနှစ်အတွင်းက ဆယ်ကျော်သက် အရွယ် ၎င်း၏ မိန်းကလေးတစ်ဦး အား အမှတ်မထင်သေစေ ခဲ့ မှုဖြင့် ထောင်ကျခဲ့ပြီး ၂၀၁၂ ခုနှစ် တွင် ပြန်လည်လွှတ်မြောက် လာခဲ့သည်။ အဆိုပါ မိန်းကလေးနှင့် သားတစ်ဦးရခဲ့သည်။

Mizzima

မှတ်ချက်များ