မသန်းသန်းစိုးလေးဟာ မွေးရာပါ နှုတ်ခမ်းကွဲသူလို ပုံစံပျက်သွားတဲ့ နှုတ်ခမ်း၊ ရိုက်နှက်မှုကြောင့် ကျိုးသွား တဲ့လက်၊ အနာရွတ်တွေထင်ထင်ရှားရှားမြင်နေရတဲ့ မျက်နှာပိုင်ရှင်ဘ၀ ရောက်သွားခဲ့ရတာပါ။ မြို့ပြရန်ကုန် ရဲ့ ပညာတတ်အလွှာ ဆရာဝန်ဇနီးမောင်နှံအိမ်မှာ အိမ်အကူလုပ်ရင်း တစ်နှစ်နဲ့ရှစ်လကြာအောင် မိဘ၊ ဆွေ မျိုးပတ်ဝန်းကျင်နဲ့ အဆက်အသွယ်လုပ်ခွင့်မရခဲ့တဲ့ မသန်းသန်းစိုးဟာ အဲဒီကာလအတွင်း အိမ်ရှင်တွေရဲ့ ရိုက်နှက်မှုဒဏ်ကြောင် မွေးရာပါ ကိုယ်အင်္ဂါချို့ယွင်းသူတစ်ယောက်ဘ၀ကို ရောက်သွားခဲ့ရပါတယ်။
သူက မင်္ဂလာဒုံမြို့နယ်မှာ နေထိုင်တဲ့ မြောက်ဥက္ကလာပဆေးရုံဝန်ထမ်း ဆရာဝန်လင်မယားအိမ်မှာ ၂၀၁၂ ခုနှစ်ကစပြီး ၂၀၁၄ ခုနှစ်၊ သြဂုတ်လအထိ အိမ်အကူလုပ်ခဲ့ရတာ ဖြစ်ပါတယ်။
7day

မှတ်ချက်များ