ငြိမ်းချမ်းရေးနေ့ ဦးဆောင် ကျင်းပသူ (၃)ဦး ပုဒ်မ (၁၈) ဖြင့် အမှုဖွင့်ခံရ

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ
သောဧရာဝတီ လူငယ် ကွန်ရက်မှ ဦးဆောင် ကျင်းပသူ သုံးဦးအား (ပ) ၂၀၁ /၂၀၁၄ စီတန်း လှည့်လည် ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ-၁၈ ဖြင့် အမှု ဖွင့် အရးယူ ထားကြောင်း အသည်ကြီး ရဲစခန်းမှ သိရသည်။ ခွင့်ပြုချက်တော့ တင်သင့် တယ်ဗျ။

တစ်ရက်လေးလောက် ကြိုတင် လိုက်တာ အခက်အခဲလည်း မရှိပါဘူး။ တင် ရင်တော့ ကျွန်တော်တို့ ပေး မှာပါ။ မတင်ဘဲ ခုလို စုပေါင်း စုဝေးလမ်း
လျှောက်လို့ ပုဒ်မ (၁၈) နဲ့ အမှုဖွင့် ရတာပါဟု အသည်ကြီး ရဲစခန်းမှ နယ် ထိန်း ခေါင်းဆောင် ရဲအုပ် ဇော်မင်းထွန်းက The Messenger Media သို့ပြော သည်။

ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဧရာဝတီ လူငယ်ကွန် ရက်နှင့် ပညာဒါနမှ ကျောင်း သားကျောင်းသူများ၊ ငြိမ်းချမ်းရေး ချစ်မြတ်နိုး သူများ ပူးပေါင်း၍ ပုသိမ်မြို့တွင်း လမ်းလျှောက်၍ မြန်မာ့ ငြိမ်းချမ်းရေး အတွက် ငြိမ်းချမ်းရေး ကဗျာ သီချင်း များ သီဆိုခဲ့ကြသည်။

ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း က အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး လှုပ်ရှားမှုကို တစ်လလုံး ခွင့်ပြု ထားတယ်။ ဒီ ပုသိမ်မှာ ပြုလုပ်မှာနဲ့ ပတ်သက် ပြီးတော့ မပြုလုပ်ခင် တစ်ရက် တိုင်းဒေသကြီး အစိုးရ လူမှုရေး ၀န်ကြီးနဲ့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို အကြောင်းကြားစာ ပို့ထားတယ်။ လုပ်မယ့် နေ့ကျ တော့လည်း ရဲတပ်ဖွဲ့က ခွင့်ပြုချက်တင် လိုက်ပါ၊တင်ပြီးရင်တော့ ဆက်လက်ဆောင်ရွက်လို့ ရပြီလို့ ပြောလို့ ကျွန်မတို့ က ပြောတဲ့ အတိုင်း လုပ်ခဲ့ပါ တာပါ ဟု ပုဒ်မ (၁၈) ဖြင့် အမှုဖွင့် အရေးယူထားခြင်း ခံရသူ ဧရာဝတီ လူငယ် ကွန်ရက်မှ မနန်းအေးခိုင်က ပြောသည်။

ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဧရာဝတီ လူငယ် ကွန်ရက်နှင့် ငြိမ်းချမ်းရေး ချစ်
မြတ်နိုး သူများ ပူးပေါင်း၍ စက်တင်ဘာလ (၂၁) ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့ ရှုခင်းသာတွင် ပြုလုပ်ခဲ့သ လို ပုသိမ်မြို့၏ လူစည်ကားရာ နေရာများတွင် စုပေါင်း လမ်းလျှောက် မြန်မာ့ ငြိမ်းချမ်းရေး အတွက် ငြိမ်း ချမ်းရေး ကဗျာ သီချင်းများလည်း သီဆိုခဲ့ ကသည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အတွက် ပုသိမ် ရှုခင်းသာတွင် စိုက်ထူထားသည့် ငြိမ်းချမ်းရေး သီတင်း ပတ် စက်တင်ဘာလ (၁၅-၂၁) တစ်နိုင်ငံလုံး အမုန်းတရားများ ရပ် ဟု ရေးသားထားသော ဗီနိုင်း ပိုစတာ အားခွင့်ပြုချက် မရဘဲ ပြုလုပ်သည်ဟု ဆိုကာ မြို့နယ် စည်ပင်သာယာရေးနှင့် အပိုင် ရဲတပ်ဖွဲ့များမှည တွင်းချင်း ဆိုင်းဘုတ် ဖြုတ်ချပေးရန် အမိန့် ပေးပြောဆိုမှု များလည်း ပြုလုပ်ခဲ့သည်။

Messenger

မှတ်ချက်များ