ကျောက်ဆည် ဓာတ်အားပေးစက်ရုံ မိုးကြိုးပစ်ခံရခြင်းကြောင့် အချိန်ကြာ မီးပြတ်တောက်မှုများ ဖြစ်ခဲ့သော် လည်း ပြန်လည်ကောင်းမွန်ပြီဖြစ်သည့်အတွက် ရန်ကုန်မြို့ မီးပေးဝေရေးကို ဒီဇင်ဘာအထိ ၂၄ နာရီအ
ပြည့်ပြန်လည်ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
“လိုင်းတစ်လိုင်းကို မိုးကြိုးပစ်ရင် ကျန်တဲ့ ဆက်စပ်လိုင်းတွေအားလုံး မီးဖြတ်လိုက်ရတယ်။ ကျောက်ဆည်ရဲ့ ဓာတ်အားပေး စက်ရုံကို မိုးကြိုးပစ်လို့ ရန်ကုန် မီးပျက်တာလည်းပါတယ်” ဟု ၎င်းကပြောသည်။
ကျောက်ဆည် ဓာတ်အားပေးစက်ရုံမှ ရန်ကုန်မြို့သို့ မြောက်ပိုင်းခရိုင်ရှိ ရေအားလျှပ်စစ်စက်ရုံကို ဓာတ်အား ပို့လွှတ်ခြင်း ဖြစ်သည်။ မိုးကြိုးပစ်၍ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုဖြစ်ပေါ်ခဲ့သည့် ကျောက်ဆည် ဓာတ် အားပေးစက်ရုံမှ ပို့လွှတ်မှု ပြတ်တောက်ခဲ့သည့် အတွက် မြောက်ပိုင်းခရိုင် ရေအားလျှပ်စစ်စက်ရုံတွင် အသေးစားပြင် ဆင်ခဲ့ရကြောင်း ၎င်းထံမှ သိရသည်။ သို့သော် သဘာဝဘေးတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက မီးပြတ်တောက်မှုဖြစ်မည်ဟု တာဝန်ရှိသူကဆိုသည်။
သာကေတမြို့နယ်၊ သဒ္ဓါရုံရပ်ကွက်နေ မသက်ထားက “စက်တင်ဘာ ၁၆ ရက် ညနေ လေးနာရီအထိ မီး ပျက်တုန်းပဲ” ဟု ပြောသည်။
ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အားပေးကြိုးများ အသစ်လဲလှယ်နေခြင်းနှင့် လျှပ် စစ်ဘေးအန္တရာယ်ကင်း ရှင်း ရေး အပင်များ ခုတ်ထွင်ရှင်းလင်းမှုများကြောင့် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် မြို့နယ်အချို့ တွင် အချိန်ပိုင်း မီးပြတ်တောက်မှုများရှိနေပြီး ထိုသို့ မီးပြတ်တောက်မှုများနှင့် ပတ်သက်၍လည်း နိုင်ငံပိုင် သတင်းစာများတွင် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က ကြေညာထားသည်။
၂၀၁၆ ခုနှစ်မတိုင်မီ ရေအားလျှပ်စစ်မှ တစ်ဆင့် နိုင်ငံတွင်းသုံးပမာဏ၏ ၅၀ ရာခိုင်နှုန်းကို ဖြည့်ဆည်း သွား မည်ဖြစ်ပြီး ကျန်သည့်ပမာဏကို ဆိုလာပြား၊ ကျောက်မီးသွေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့တို့မှ ထုတ် ယူ သွားမည်ဖြစ်သည်ဟု လျှပ်စစ်စွမ်းအား ဒုတိယဝန်ကြီး ဦးမော်သာထွေးက စက်တင်ဘာ ၉ ရက်တွင်သတင်း စာရှင်း လင်းပွဲတွင် ပြောထားသည်။
လပြည့်ဝန်း | mizzima

မှတ်ချက်များ