ပဲခူးတွင် လေပြင်းတိုက်ခတ် နေအိမ်များပျက်စီး
ပဲခူးမြို့၊ ကလျာဏီရပ်ကွက်၊ သီရိမင်္ဂလာလမ်းတွင်(၆.၉.၂၀၁၄)နေ့ ညနေ(၄း၀၀) အချိန်ခန့် မိုးသည်းထည် စွာ ရွာသွန်းခဲ့ပြီး လေပြင်းများ တိုက်ခတ် သဖြင့် သီရိမင်္ဂလာ လမ်းရှိ လူနေအိမ် တဲများပျက်စီးသွားကြောင်း သစ်ထူးလွင်မှ သတင်းရရှိပါသည်။
အဆိုပါ လေပြင်းကြောင့် လူနေအိမ် (၁၈)အိမ်မှ အမိုး၊ အကာများ လံသွားပြီး၊ နေအိမ် (၃)အိမ်မှာ လုံးဝပြိုကျ ပျက်စီးသွား ခဲ့သည်။
ပျက်စီးသွားတဲ့ နေအိမ်များမှ လူဦးရေ (၉၈)ဦး အတွက် ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်သိန်းမောင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အထောက်ကူပြု အဖွဲ့ဝင်များ ချက်ခြင်းရောက်ရှိခဲ့ပြီး လေဘေးသင့် ပြည်သူများအား အမိုးအကာ အတွက် တာပေါ်လင် ၀ါတာဘလူးများနှင့် လူတစ်ဦးလျှင် တစ်ရက်စာ ဆန်(၂)ဘူး၊ ငါးသေတ္တာ(၁)ဘူး၊ (၅)ရက်စာအပြင် ရေသန့်ဘူးများနှင့် ခေါက်ဆွဲခြောက်များကို ထောက်ပံ့ပေး ခဲ့ကြောင်း သိရပါသည်။
Thant Zin | THIT HTOO LWIN






မှတ်ချက်များ