အောက်တိုဘာလအတွင်း ထုတ်လုပ်ရောင်းချဖွယ်ရှိတဲ့ Huawei ရဲ့ Ascend Mate 7 ဖုန်း
Huawei ဟာ ဒီနှစ်ကျင်းပပြုလုပ်မယ့် Berlin က IFA tech show မှာ ပြသဖို့ ဈေးနှုန်းအရတင့်သင့်မျှတတဲ့ Ascend Y550 ကအစ (၅) လက်မကျယ်၊ သတ္တုကိုယ်ထည်ဖြင့်လုပ်ထားတဲ့ Ascend G7 အဆုံး ပြသစရာ နည်းပညာပစ္စည်းများစွာ ပိုင်ဆိုင်ထားပါတယ်။ သို့ပေမဲ့ အများစုကတော့ Ascend Mate 7 ဖြစ်ပါတယ်။
အကောင်းဆုံးနဲ့ ဈေးနှုန်းအမြင့်ဆုံးဖုန်းကို 2,560x1 ၊ 600-pixel resolution၊ an octa-core processor၊Cat 6 LTE၊ a fingerprint scanner နဲ့ a 13-megapixel camera တွဲဖက်ပါဝင်တဲ့ (၆) လက်မအရွယ်အစားရှိ အင်မ တန်ကျယ်ပြန့်တဲ့ မျက်နှာပြင် ပုံသဏ္ဍာန်ဖြင့် ထုတ်လုပ်ထားပါတယ်။
Huawei က ဈေးနှုန်းပိုင်းအနေဖြင့်သော်လည်းကောင်း၊ ရောင်းချသွားမယ့် နေရာဒေသအတွက်သော် လည်းကောင်း သေသေချာချာ သတ်မှတ်ထားခြင်း မရှိသေးပေမဲ့ ဒီ Ascend Mate ကို အောက်တိုဘာလ မှာ ဈေးကွက်အတွင်း ရောင်းချသွားမှာဖြစ်ပါတယ်။ ထည့်သွင်းအသုံးပြုသွားမယ့် အတွင်းပိုင်းပစ္စည်းအပြင် အဆင်ကြောင့် ဈေးနှုန်းပြောင်းလဲမှု ကြီးကြီးမားမားရှိမယ့်ပုံတော့မရှိပါဘူး။
ဒီဇိုင်းနဲ့ မျက်နှာပြင်
Mate 7 ရဲ့ အရွယ်အစားကတော့ အတော်လေးကြီးပါတယ်။ ဂြိုလ်သားတွေရဲ့လက်ဖဝါးလိုဟာမျိုး မရှိဘူးဆို ရင် အဲ့ဒီ အမျက်နှာပြင်အရွယ်အစား ၆ လက်မရှိတဲ့ ဖုန်းကို ကိုင်ရတာ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဖြစ်ဖို့များ တာက ဂြိုလ်တွေထဲက အကြီးဆုံး ဂြိုလ် Jupiter ကပေါ့။ screen မျက်နှာပြင်ရဲ့ပတ်ပတ်လည်ကို ထပ်ပြီး
ဘောင်ကွပ်ပေးစရာ မလိုတော့အောင် မျက်နှာပြင်ပတ်လည်ကို သတ္တုကိုယ်ထည်ဖြင့် လုပ်ပေးထားပါတယ်။ ဖုန်းရဲ့မျက်နှာပြင် ၈၃%ရာခိုင်နှုန်းကို ဖန်သားပြင် အဖြစ်ချဲ့ထွင်ထားတယ်။
ငွေထည်နဲ့ပြုလုပ်ထားတာဖြစ်တာကြောင့် ၎င်းဖုန်းကို ငွေရောင်၊ အညိုရောင်နဲ့ ရွှေရောင် စသဖြင့် အရောင် သုံးမျိုးနဲ့ ရနိုင်မှာဖြစ်တယ်။ Huawei က iPhone 5S ကို ဒီအရောင်တွေနဲ့ ထုတ်လုပ်ထားတာကို သတိမပြု မိခဲ့လို့ တိုက်တိုက်ဆိုင်ဆိုင် ဒီအရောင်သုံးမျိုးကို ရွေးလိုက်မိတာဖြစ်မယ်လို့တော့ ထင်ရတာပဲ။ iPhone ကိုခ ဏထားဦး။ HTC One Max ပုံစံနဲ့လည်း ချပ်ချွတ်တူနေပြန်တယ်။
ဒါပေမဲ့ ၎င်းရဲ့အရွယ်အစား၊ သတ္တုကိုယ်ထည်၊ ကျောဘက်အခုံးပုံသဏ္ဍာန်၊ နောက်ကျောတစ်ပြင်လုံး ကြက်ခြေခတ်မျဉ်းကြောင်းတွေ၊ ကင်မရာနဲ့ မီးတပ်ဆင်မှုနဲ့ ကင်မရာအောက်တည့်တည့်က လက်ဗွေစကင် နာ တပ်ဆင်ပေးထားလိုက်တဲ့ ကျေးဇူးကြောင့် တကယ်တော့ မတူပါဘူး။
ရုပ်ထွက်ကြည်လင်ပြတ်သားမှုဖြစ်စေမယ့် 2,560x1,600-pixel resolution လည်း ပါဝင်တယ်။
သွင်ပြင်လက္ခဏာများ
high-resolution display နဲ့အတူ အရည်အသွေးအကောင်းဆုံး အတွင်းပိုင်း အသုံးပြုပစ္စည်းများ ထည့်သွင်း ထားပါတယ်။ quad-core units နှစ်ခုပါတဲ့ octa-core processor တစ်ပါဝင်ပါတယ်။
နောက်ကျောကို ကြည့်လိုက်ရင် တွေ့ရမယ့် စိတ်ဝင်စားစရာတွေက ဖုန်းအား သော့အဖွင့်အပိတ်လုပ်ဖို့နဲ့ အွန်လိုင်း ငွေပေးချေမှုလုပ်နိုင်မယ့် လက်ဗွေစကင်နာ တစ်ခုလည်းပါရှိပါတယ်။
ကျောဘက်မှာရှိတဲ့ တခြားကိရိယာတစ်ခုက ကင်မရာပါ။ အရောင်အသွေးတောက်ပတဲ့ f/2.0 aperture နဲ့အတူ13-megapixel ရှိပြီး ရှေ့ဘက်ကင်မရာမှာ 8-megapixel ပါရှိပါတယ်။ ဘက်ထရီကို 4,000mAh အားနဲ့ ပါဝါဖြည့်ထားပြီး ဘက်ထရီအား များစွာကို သိုလောင်ထားနိုင်မှာဖြစ်ပေမဲ့ an octa-core processor နဲ့ huge high-definition display ကို လည်ပတ်ပေးရမှာ ဖြစ်တာကြောင့် ဘက်ထရီအား အကြာကြီးခံမယ် လို့တော့ အာမ မခံနိုင်ပါဘူး။
Trend Myanmar

မှတ်ချက်များ