![]() |
| Khazir ဒေသမှာ အမေရိကန်က ဝေဟင်ကနေ တိုက်ခိုက်မှု လုပ်ခဲ့တာကို Kurdish တပ်တွေက စောင့်ကြည့်စဉ် (Credit: Reuters) |
အမေရိကန် ဂျက်လေယာဉ်နဲ့ drones တွေက ဝေဟင်ကနေ Kurdish တပ်တွေကို အကူအညီပေးနေပြီး Kurdish အဖွဲ့က မြေပြင်ကနေ ထိုးစစ်ဆင်နေတာပါ။
ISIS အဖွဲ့ကို ဝေဟင်ကနေ တိုက်ခိုက်မှုတွေ ပိုလုပ်ဆောင်သွားမယ်လို့လည်း အမေရိကန် ကာကွယ်ရေးဝန် ကြီး Chuck Hagel က ပြောပါတယ်။
အမေရိကန် ပြည်သူတွေကို ISIL အဖွဲ့ရဲ့ ထိုးစစ်ဆင်မှုရန်ကနေ အကာအကွယ်ပေးနိုင်ဖို့နဲ့ လူသားတွေ ဘေးဆိုးကျရောက်မှုကို ကာကွယ်တဲ့အနေနဲ့ အမေရိကန်က ဝေဟင်ကနေတဆင့် တိုက်ခိုက်မှု အကြိမ်
ပေါင်း ၁၆၀ ကျော် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီ လို့ ဆိုပါတယ်။
အဲဒီလို တိုက်ခိုက်မှုအတွင်း ISIL တပ်ဖွဲ့ဝင်သေဆုံးတာတွေ၊ သူတို့အသုံးပြုတဲ့ စစ်လက်နက်တွေကိုလည်း ဖျက်ဆီးနိုင်ခဲ့သလို အီရတ်စစ်တပ်နဲ့ Kurdish တပ်တွေကိုလည်း အဓိကနေရာတွေ၊ အဆောက်အဦးတွေ ကို ပြန်လည်သိမ်းပိုက်စေနိုင်ခဲ့ပြီး ထိုးစစ်ဆင်မှုတွေ ပြန်လည်ပြုလုပ်စေနိုင်ခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက လွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။
အမေရိကန် စစ်တပ်ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ် Martin Dempsey ကလည်း လွှတ်တော်ကော်မတီတွေနဲ့ တွေ့ဆုံခဲ့ပြီး ဝေဟင်တိုက်ခိုက်မှုတွေ မအောင်မြင်တဲ့အခါ မြေပြင်တိုက်ခိုက်မှုတွေလုပ်ဖို့ လိုအပ်မှာဖြစ်ပြီး အမေရိကန် စစ်သားတွေကို ပို့ဆောင်ဖို့လည်း လွှတ်တော်ကို ကြိုတင် တိုက်တွန်းထားပါတယ်။
အမေရိကန် သမ္မတကတော့ အမေရိကန် စစ်သားတွေကို စစ်မြေပြင် ပို့ဆောင်မှာ မဟုတ်ဘူးလို့ အရင်တ ပတ်က ပြောဆိုထားခဲ့ပါတယ်။
ABC Radio Australia

မှတ်ချက်များ