ကွန်ပျူတာသုံး ပစ္စည်းအသစ် စာရင်းပြပြီး တင်သွင်း လာတဲ့ LCD မော်နီတာအဟောင်း အလုံး ၇၀၀၀
ကျော်ကို ရန်ကုန် အေးရှားဝေါလ် ဆိပ်ကမ်းမှာ စစ်
ဆေး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
“လိုင်စင်မှာ တရုတ်နိုင်ငံထုတ် Brand New ပစ္စည်း လို့ ပြထားပြီး ဂျပန်၊ ကိုရီးယား၊ ထိုင်ဝမ်ထုတ် ပစ္စည်း အဟောင်းတွေ သွင်းလာတာ၊ ကုန်သွယ်မှု စည်း မျဉ်းဥပဒေ အရ ဒီလို ပစ္စည်းအဟောင်းတွေကို တင် သွင်းခွင့် မပြုဘူး။ အဟောင်းတွေကို အသစ်ပြန် လုပ်ရောင်းမယ့် သဘော ဖြစ်နေတော့ သုံးစွဲသူတွေအတွက် မကောင်းဘူး” လို့ တရားမဝင်ကုန်သွယ်မှု တား ဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ဆိုပါတယ်။
ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၅၀၀ ကျော်ရှိတဲ့ အဲဒီပစ္စည်းတွေကို ရှမ်းရွှေပြည်ကုမ္ပဏီက တင်သွင်းခဲ့တာ ဖြစ်ပြီး ကုမ္ပဏီ တာဝန်ရှိသူတွေကို Mobile Team အဖွဲ့က ခေါ်ယူစစ်ဆေးခဲ့ရာမှာ အဆိုပါ ကုမ္ပဏီက ကြွေပြား ၊ ကျောက်ပြား များကို အဓိကတင်သွင်းကြောင်း၊ ဒီပစ္စည်းတွေကို ကြားပွဲစားကတစ်ဆင့် အသစ်မှာယူခဲ့ တာ ဖြစ်ပြီး ရောက်လာမှ အဟောင်းဖြစ်နေတာကို တွေ့ရတယ်လို့ ထွက်ဆိုကြောင်း ကော်မတီ၏ တာဝန်ရှိ သူတစ်ဦးက ပြောပါတယ်။
ရွှင်ပြည့်စုံကုမ္ပဏီက တရားမဝင် တင်သွင်းလာတဲ့ မော်တာအပိုပစ္စည်း၊ မိုက်ခရိုဝေ့ဖ်မီးဖို အသုံးအဆောင် ပစ္စည်း၊ ဆားကစ်ပြား၊ ဖုန်စုပ်စက်သုံးပစ္စည်း၊ ဂက်(စ်)မီးဖိုသုံး ပစ္စည်းတွေနဲ့ ထွေးပဒေသာကုမ္ပဏီက တရား မဝင် တင်သွင်းလာတဲ့ လယ်ယာသုံးပစ္စည်း တွေကိုလည်း စစ်ဆေးတွေ့ရှိခဲ့ပြီး တည်ဆဲဥပဒေနဲ့ အရေးယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
The Voice
မှတ်ချက်များ