သုံးစွဲသူတွေက ကမ္ဘာကျော်အနုပညာရှင် ၁၀၁ ယောက်ရဲ့ အဖော်အချွတ် ဓါတ်ပုံတွေ ထင်ပြီး link အမှားတစ်ခုကို ၀င်ရောက်ခဲ့ကြသောကြောင့် နယူဇီလန်နိုင်ငံရဲ့ အဓိက အင်တာနက် ထောက်ပံ့စနစ် ကြီး ရပ်နားလိုက်ရ


နယူးဇီလန်နိုင်ငံက အင်တာနက်သုံးစွဲသူ ပြည်သူတွေဟာ အင်တာနက်မှာ မကြာသေးမီက ရေပန်းစားနေတဲ့ ကမ္ဘာကျော်အနုပညာရှင် ၁၀၁ ယောက်ရဲ့ အဖော်အချွတ်ဓါတ်ပုံတွေ ထင်ပြီး link အမှားတစ်ခုကိုဝင်ရောက် ခဲ့ကြ တဲ့အတွက် နယူဇီလန်နိုင်ငံရဲ့ အဓိက အင်တာနက် ထောက်ပံ့စနစ်ကြီး ရပ်နားလိုက်ရပါတယ်။

သုံးစွဲသူတွေကတော့ ထိုကဲ့သို့ အင်တာနက် ပံ့ပိုးမှု ကြီး ရပ်နားသွားတာကို အပြီးသတ် ပြင်ဆင်ဖို့ နှစ်ရက် ခန့် ကြာမှာဖြစ်တဲ့အတွက် ဒေါသထွက်နေကြပါတယ်။ တာဝန်ရှိသူတွေရဲ့ပြောကြားချက် အရတော့ ဒါဟာ သုံးစွဲသူ အမြောက်အများက အနုပညရှင် ၁၀၁ ယောက်ရဲ့ အဖော်အချွတ် ဓါတ်ပုံတွေ ထင်ပြီး link တွေကို ၀င်ရောက်ခဲ့ကြပြီး တကယ်တမ်းတော့ ထို link တွေဟာ အင်တာနက် IP တွေကို ပျက်စီးစေတဲ့ ဗိုင်းရပ်စ်
တွေသာဖြစ်တယ်လို့ သိရပါတယ်။

အဖော်အချွတ် ဓါတ်ပုံပျံ့နှံ့နေတဲ့ မင်းသမီးတွေကတော့ Hunger Games ဇာတ်ကားရဲ့မင်းသမီး Jennifer Lawrence ၊ အဆိုတော်မလေး Ariana Grande နဲ့ ဗြိတိသျှမော်ဒယ်လ် Cara Delevigne တို့အပါအ၀င် ၁၀၁ ဦးဖြစ်ပြီး Apple ရဲ့ iCloud ဆိုတဲ့ အင်တာနက်ဒေတာ သိုလှောင်မှုကနေ Hacker တစ်ယောက်ရဲ့ခိုးယူခြင်း ကို ခံခဲ့ရတာဖြစ်ပါတယ်။ ထိုအနုပညရှင်တွေထဲမှ အချို့ကတော့ သူတို့ရဲ့ဓါတ်ပုံ အစစ် မဟုတ်ဘူးလို့ဆို ပါတယ်။

Trend Myanmar

မှတ်ချက်များ