Miss Grand International 2014 ပြိုင်ပွဲတွင် Mဂျာဆိုင်းဝတ်ဆင်သည့် ရိုးရာဝတ်စုံဒေါ်လာ ၄၅ဝဝကုန်ကျဟုဆို


Miss Grand International 2014 အလှမယ် ပြိုင်ပွဲတွင် မြန်မာ ကိုယ်စားပြုအလှမယ် M ဂျာဆိုင်းဝတ်ဆင်ရန် အတွက် Traditional Dress အား ဒေါ်လာ၄၅ဝဝကုန်ကျခံ၍ ပြင်ဆင်ပေးခဲ့ကြောင်း သိရသည်။

''ကျွန်တော်တို့ ပြိုင်ပွဲဝင် M ဂျာဆိုင်းအတွက် ပြင်ဆင်ပေးခဲ့တဲ့ဝတ်စုံက Miss Grand International ပြိုင်ပွဲ ကနေပြီးတော့National Costume ရဲ့ သတ်မှတ် ထားတဲ့ အင်္ဂါရပ်တွေနဲ့ညီအောင်ပြင်ဆင်ပေးခဲ့တယ်။ M ဂျာဆိုင်းကလဲ ကချင် တိုင်းရင်းသူတစ်ဦးဖြစ်တဲ့အတွက် ဒီဝတ်စုံက သူနဲ့အရမ်းကို လိုက်ဖက်တယ်လို့ ထင်ပါ တယ်'' ဟု Miss Goldenland Myanmar Organization မှ National Director ကိုဟန်ဇော်လတ်က ပြော သည်။

အဆိုပါ Miss Grand International 2014 ပြိုင်ပွဲကြီး၏ ပြိုင်ပွဲတစ်ခု ဖြစ်သည့် Traditional Dress ပြိုင်ပွဲ၌ဝတ် ဆင်ရန်အတွက် ဝတ်စုံပြင်ဆင်ရာတွင် ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် နိုင်ငံတစ်ဝန်းဖြစ် ပွားလျက် ရှိသော ပဋိပက္ခများအားငြိမ်းချမ်းစေရန်ရည်ရွယ်ချက်ဖြင့် ပြင်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ထိုင်းနိုင်ငံတွင်ပြုလုပ်နေ သည့် အလှမယ်ပြိုင်ပွဲအား သွားရောက်ယှဉ် ပြိုင်နေသူ M ဂျာဆိုင်း ဝတ်ဆင်မည့် National Costume ဝတ်စုံအား ဒီဇိုင်နာမပုံ့ (My Favorite ) မှ ဖန်တီး ချုပ်လုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

Traditional ဝတ်စုံတွင် ရှေးမြန်မာဝတ်စုံအားအခြေခံ၍ ကချင်တိုင်းရင်းသားများဝတ်ဆင်လေ့ရှိသည့် ငွေ
မောင်းကွင်းများဖြင့် အလှဆင်ထားပြီး မြန်မာ့ရိုးရာချိတ်များကိုလည်း ထည့်သွင်းချုပ်လုပ် ထားသည်။

ရှေးမြန်မာနတ်သမီးခေါင်းဆောင်းကိုလည်း ကချင်အငွေ့အ သက်များပါဝင်ရန်အတွက်ပြုလုပ်ထားပြီး ပခုံး
နှစ်ဖက်တွင် ရွှေဟင်္သာနှစ် ကောင်ကိုလည်း ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ်ထည့်သွင်းထားပြီး ပဝါအား
မြန်မာနိုင်ငံကိုယ်စားပြု ရွှေဝါရောင်ကို အသုံးပြုထားကြောင်း သိရသည်။

Democracytoday

မှတ်ချက်များ