သူ့သမီးကို သန္ဓေတားဆေးတိုက်ခဲ့တဲ့ Pennsylvannia မိခင် ထောင်ချခံရ
Pennsylvannia အမျိုးသမီးတစ်ဦးဟာ အွန်လိုင်းမှာ ကိုယ်ဝန်ချဆေးပြားတွေကို ရယူခဲ့ပြီး သူမရဲ့ဆယ်ကျော် သက် သမီးလေးအား ကိုယ်ဝန်ဖျက်ချဖို့ အကူအညီပေးခဲ့တာကြောင့် ထောင်ဒဏ် (၁၈) လနဲ့ အထက်ချမှတ် ခံခဲ့ပါတယ်။
မိသားစုအကူ သူနာပြုတစ်ဦးအဖြစ် လုပ်ကိုင်နေတဲ့ Washingtonville က အသက် (၃၉) နှစ်ရှိ မုဆိုးမမိခင် တစ်ဦး Jennifer Ann Whalen ဟာ ကလေးမလိုချင်သေးတဲ့ သူမရဲ့ ၁၆ နှစ်သမီးလေးအတွက် ဥရောပက အွန်လိုင်းဝက်ဘ်ဆိုက် တစ်ခုမှတဆင့် miscarriage- including pills တွေ ရယူဖို့ ကြိုးပမ်းခဲ့ကြောင်း သြဂုတ် လမှာ ဝန်ခံပြောဆိုခဲ့ပါတယ်။
Whalen ဟာ ဥပဒေပုဒ်မတစ်ခု ချိုးဖောက်မှုနဲ့ ထောင် (၁၂) လကနေ (၁၈) လ အထိကျခံဖို့ Montour County Court of Common Pleas တရားသူကြီး Gary Norton ကနေ သောကြာနေ့က ပြစ်ဒဏ်ချမှတ်ခဲ့တာ
ဖြစ်ပါတယ်။
ဒဏ်ငွေ ဒေါ်လာ ၁၀၀၀ ပေးဆောင်ဖို့ သတ်မှတ်ခံထားရပြီး ထောင်ထဲမှ လွတ်မြောက်လာတဲ့ အခါမှာလည်း နာရီပေါင်း ၄၀ လူမှုရေးလုပ်ငန်းမှာ ပါဝင်ဆောင်ရွက်ဖို့ အမိန့်ချထားခံခဲ့ပါတယ်။ အဲ့ဒီလို ရာဇဝတ်ပြစ်မှုကြီး ကျူးလွန်တဲ့အခါ ထောင်ဒဏ် (၇) နှစ်နဲ့ အထက်ကျခံဖို့နဲ့ ဒဏ်ငွေ ဒေါ်လာ ၁၅၀၀၀ ပေးဆောင်ဖို့ လိုအပ် တာပါ။
Whalen ရဲ့ ရှေ့နေ Matthew Bingham Banks က ဒီလို ရာဇဝတ်ဆိုင်ရာ တရားစွဲဆိုမှုမျိုးက သာမန်ဖြစ်နေ ကျ မဟုတ်ဘူးလို့ Reuters သတင်းဌာနကို ပြောပြခဲ့ပါတယ်။
ကိုယ်ဝန်ဖျက်ချမှု ဆောင်ရွက်ပေးဖို့ ဒေသခံဆေးခန်းမရှိဘူး။ အစိုးရဆေးရုံကြီးမှာ ကိုယ်ဝန်ဖျက်ချဖို့မှာ လည်းကျွန်မတို့ သားအမိတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အာမခံမရှိဘူးလို့ Whalen က အာဏာ ပိုင်တွေကို ပြောပြခဲ့တယ်လို့ Bloomsburg ရဲ့ Press Enterprise သတင်းစာကအစီရင်ခံစာမှာ ဖော်ပြခဲ့ပါ တယ်။
အဲဒီဆေးတွေကို သောက်ပြီးတော့ သူ့ရဲ့ သမီးက နာကျင်ကိုက်ခဲမှုနဲ့ သွေးထွက်မှုတွေ ရင်ဆိုင်ခံစားလာခဲ့ရ ပါတယ်။ Whalen ရဲ့ အိမ်နဲ့ အနှီးစပ်ဆုံး ကိုယ်ဝန်ဖျက်ချပေးမယ့် ဆေးခန်းမှာ Harrisburg က(၇၄) မိုင်ခန့် အဝေးမှာ ရှိတယ်။
သူချစ်သူရည်းစားကို ကိုယ်ဝန်ဖျက်ချဆေးတွေ သောက်ဖို့ ဖျားယောင်းခဲ့တဲ့ ပြစ်မှုကို ဝန်ခံခဲ့တဲ့ Florida အမျိုးသားတစ်ယောက်ရဲ့ အမှုစွဲဆိုမှုဖြစ်ခဲ့ပြီးတဲ့ နောက်ဆက်တွဲအဖြစ် ဒီ Pennsylvania အမှုကိစ္စဖြစ်လာ တာပါ။
သူကိုတော့ ဇန်နဝါရီလမှာ (၁၃) နှစ်ထောင်ဒဏ်နဲ့ ဒေါ်လာ (၂၈၅၀၀) ဒဏ်ငွေပြစ်ဒဏ်ချမှတ်ခံခဲ့ပါတယ်။ ဇွန်လမှာ Florida ပြည်နယ်အစိုးရက တရားစွဲဆိုမှုအတွက် ပြည်နယ်အစိုးရဥပဒေကို ပိုပြီးတင်းကြပ်လိုက် ပါတယ်။
Trend Myanmar

မှတ်ချက်များ