Red Rose တစ်ရှုးစက်ရုံမှာ လူသတ်ကာ ပစ္စည်းခိုးယူမှု ဖြစ်ပွား

ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြောက်မြို့ နယ်၊ (၃၄)ရပ်ကွက်၊ ဦးဝိစာရလမ်း၊ မ/ B-1, B-2 ရှိ Red Rose တစ်ရှုး စက်ရုံမှာ စက်တင်္ဘာလ (၁၂)ရက်နေ့ က လူသတ်ပြီး ပစ္စည်းခိုးယူမှု ဖြစ်ပွားခဲ့ကြောင်း သစ်ထူးလွင် မှ သ တင်းရရှိပါတယ်။

(၁၂-၉-၂၀၁၄)နေ့ နံနက် (၆)ခန့် အချိန်မှာ Red Rose တစ်ရှုးစက်ရုံမှူး ဦးအောင်ကျော်စိုး စက်ရုံကို ရောက် ရှိလာချိန်မှာ စက်ရုံညစောင့် ၀န်ထမ်းဖြစ်သူ ဦးမြင့်အောင်ကို မတွေ့ ရှိလို့ လိုက်လံရှာဖွေ ခဲ့ပါတယ်။ ညစောင့်ဦးမြင့်အောင်ကို စက်ရုံဝင်း အတွင်း ၀င်/ထွက်ပေါက် ဂိတ်အနီး ကွန်ကရစ်ဖြင့် ဖုံးအုပ်ထားတဲ့ စက်ရုံ ရေလှောင်ကန် အတွင်းမှာ လည်ပင်းကို အ၀ါရောင် နိုင်လွန်ကြိုး နှစ်ပင်လိမ် ကြိုး ချည်လျက် သေ ဆုံးနေတာကို တွေ့ ရတယ်လို့  ဆိုပါတယ်။

အဲဒီနောက် စက်ရုံမှူး ဦးအောင်ကျော်စိုး က စက်ရုံအတွင်း လိုက်လံကြည့်ရှုရာမှာ စက်ရုံပိုင်ရှင် ရုံးခန်း စားပွဲအောက်မှာ ထားရှိတဲ့ သံသေတ္တာအတွင်းမှ ငွေကျပ်သိန်း(၈၀)ခန့် ပျောက်ဆုံး နေသည်ကို တွေ့ ရှိရပါ တယ်။

ဦးမြင့်အောင်ကို သတ်ကာ ငွေများ ရယူသွားသူကို စုံစမ်း ဖော်ထုတ် အရေးယူ ပေးဖို့ စက်ရုံမှူး ဦးအောင်
ကျော်စိုးက ဒဂုံမြောက် မြို့ မ ရဲစခန်းမှာ (ပ) ၄၈၄/၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၃၈၀ နှင့် အမှုဖွင့် တိုင်ကြားထား
ကြောင်း သစ်ထူးလွင် မှ စုံစမ်းသိရှိ ရပါတယ်။

THIT HTOO LWIN

မှတ်ချက်များ