Apple တို့ တရားဝင် မိတ်ဆက်ပြီ ဖြစ်တဲ့ iPad Air 2
1) 6.1 mm သာ ထူပြီး ခဲတံ၏ သုံးပုံပုံ နှစ်ပုံသော အထူမျှသာ ရှိကြောင်းကို commercial video ဖြင့်ပြသခဲ့ သည်။
2) Touch ID ပါဝင်သည်။ Touch ID ဖြင့် Apple Pay ကို အသုံးပြုခြင်း၊ App Store အသုံးပြုခြင်းများလည်း
ပြုလုပ်နိုင်သည်။
3) Process A8X ပါဝင်ပြီး ပထမဦးဆုံး iPad ထက် အဆ ၁၈၀ မြန်ဆန်သည်။
4) iSigh camera - 8 MP, Apple ရဲ့ processor အသစ်က ကင်မရာအတွက် အထူးထောက်ပံ့အောင် ပြု လုပ်ထားသည်။ Burse mode ဖြင့် လှုပ်ရှားပုံရိပ်ကို ရိုက်နိုင်သလို၊ Timelaspe video, slomo video များ လည်း ရိုက်ကူးနိုင်ပါတယ်။ ရှေ့ကင်မရာ (Facetime camera) လည်း ပါဝင်ပြီး HDR Video အရည် အသွေးပေးသည်။
5) Wi-Fi, LTE တို့ ပါဝင်ပြီးယခင်ဗားရှင်းများထက် ပိုမြန်သည်။
6) iOS 8.1 ဖြင့် လာသည်။
7) ဓာတ်ပုံမျးကို လွယ်ကတူ ပြုပြင်နိုင်သော Built in editor ပါဝင်သည်။
8) မိမိရိုက်ကူးထားသော ဗီဒီယိုများကို နောက်ခံသီချင်းထည့်၍ ဖန်တီးနိုင်သောကြောင့် ဗီဒီယို တည်းဖြတ် အယ်ဒီတာ အဖြစ်လည်း အသုံးပြုနိုင်သည်။ ထို့ကြောင့် iPad Air 2 က လူအမျိုးစား ပေါင်းစုံအတွက်
ပြည့်စုံအောင် Apple တို့ ကြိုးစားဖန်တီးနေကြောင်း သိနိုင်သည်။
9) Apple App Store တွင် အထိမ်းအမှတ် အဖြစ် App အချို့ကို အခမဲ့ ပေးနေပြီ ဖြစ်သောကြေင့် Apple user တို့ ကိုယ်တိုင် သွားရောက် လေ့လာနိုင်ပါသည်။ ဥပမာ - iWork
10) ဈေးနှုန်း - အမေရိကန်ဒေါ်လာ - ၄၉၉ - 16GB (Wi-Fi)
၅၉၉ - 64 GB (Wi-Fi)
၆၉၉ - 128 GB (Wi-Fi)
iPad mini3 - အမေရိကန်ဒေါ်လာ ၃၉၉ (Wi-Fi)
၁၁) အောက်တိုဘာလ ၁၇ မှ စ၍ စတင် မှာယူနိုင်မြည် ဖြစ်သည်။
အောင်ခမ်း (ရိုးရာလေး)

မှတ်ချက်များ