လိင်ပိုင်းဆိုင်ရာ သံသယရှိမှုဖြင့် အဒမ်ဂျွန်ဆင်ဖမ်းဆီးခံရပြီး အာမခံဖြင့် ပြန်လည်လွတ်မြောက်လာ


ဆန်းဒါးလန်း ကစားသမား အဒမ်ဂျွန်ဆင်မှာ အသက်မပြည့်သော မိန်းကလေးတစ်ဦးနှင့် လိင်ပိုင်းဆိုင်ရာ ပတ်သက်မှုရှိကြောင်း သံသယရှိမှုဖြင့် ပြီးခဲ့သည့် တနင်္လာနေ့က ဖမ်းဆီးခံခဲ့ရပြီး နောက်ပိုင်းတွင် အာမ ခံဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

အသက် ၂၇နှစ်အရွယ်ရှိပြီး တစ်ပတ်လုပ်ခ ပေါင်၅၀,၀၀၀ ရရှိနေသော ဂျွန်ဆင်သည် ဒါဟမ်ရဲတပ်ဖွဲ့က ပေါင် ၁.၈၅သန်းတန် သူ၏အိမ်တွင်း တနင်္လာနေ့ နံနက်ပိုင်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး နောက်ပိုင်းတွင် အာမခံဖြင့် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။

ဆန်းဒါးလန်းအသင်းက မကြာမီကမှ ဖခင်တစ်ယောက် ဖြစ်လာခဲ့သူ ဂျွန်ဆင်မှာ ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေး မှုကြောင့် ယနေ့ညတွင် ကစားမည့် ဟူးလ်စီးတီးနှင့် ပွဲစဉ်မှစတင်ကာ အသင်းလူစာရင်းတွင် ရွေးချယ်နိုင် မည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ဆန်းဒါးလန်းက ဂျွန်ဆင်ကို ၂၀၁၂ခုနှစ်က မန်စီးတီးမှ ပေါင်၁၀သန်းဖြင့် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ဂျွန်ဆင်မှာ ယခုရာသီ နယူးကာဆယ်နှင့် ကစားသည့် ဒါဘီပွဲစဉ်တွင် သွင်းယူခဲ့သည့် အနိုင်ဂိုးအပါအဝင် ဆန်းဒါးလန်းအတွက် ၁၀၅ပွဲကစားပြီး ဂိုး၂၀ သွင်းယူပေးထားသူ ဖြစ်သည်။

သို့သော် ဂျွန်ဆင်အနေဖြင့် ၂၀၁၀ခုနှစ် အင်္ဂလန်အသင်းတွင် ရွေးချယ်ခံရစဉ်က ခြေစွမ်းမျိုး ပြသနိုင်ခြင်းမ ရှိဘဲ အင်္ဂလန်အသင်းတွင် ရွေးချယ်မခံရသည်မှာလည်း ၃နှစ် ရှိသွားပြီဖြစ်သည်။

ဂျွန်ဆင်က ယင်း၏ ကစားသမားဘဝကို မစ်ဒယ်ဘရော့တွင် စတင်ခဲ့ပြီး ၂၀၁၀တွင် မန်စီးတီးသို့ ပြောင်းရွှေ့သွားခဲ့ပြီး မန်စီးတီးနှင့်အတူ ပရီးမီးယားလိဂ်နှင့် အက်ဖ်အေဖလားများ ဆွတ်ခူးနိုင်ခဲ့သည်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ)ကလည်း ဂျွန်ဆင် ဖမ်းဆိးခံရခြင်းကို မှတ်ချက်ပေးရန် ငြင်းဆန် ခဲ့သည်။ ယင်းကစားသမားမှာ အင်္ဂလန်အတွက် ၁၂ပွဲ ပါဝင်ကစားခဲ့သော်လည်း ပြီးခဲ့သည့်နှစ် ဘရာဇီး ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်လူစာရင်းတွင်လည်း ရွေးချယ်ခြင်း မခံခဲ့ရပေ။

ဂျွန်ဆင်မှာ လွန်ခဲ့သည့်၅နှစ်တာကာလမန်စီးတီးတွင် ကစားနေစဉ်အတွှင်း ပါတွပွဲများသို့ မကြာခဏ သွားရောက်လေ့ ရှိသူဖြစ်ကြောင်း သိရသည်။ ထိုအချိန်က ဂျွန်ဆင်သည် မန်ယူကစားသမားဟောင်း ရော်နယ်ဒို နေထိုင်ခဲ့သည့် Alderley Edge အနှီးရှိ နေအိမ်ကို ငှားရမ်းနေထိုင်ခဲ့ပြီး ဘောလုံးသမားများနှင့် အမျိုးသမီးများ ပတ်သက်မှုရှိသည့် ရွာတွင်လည်း မကြာခဏတွေ့မြင်ရကြောင်း သိရသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောကြားရာတွင် “သူက လူသိများတဲ့ ကစားသမားတစ်ယောက် ဖြစ်နေလို့ လူတွေက သတိထားမိကြပါတယ်၊ မိန်းကလေးတွေကို ဆွဲဆောင်နိုင်တာလည်း မဆန်းပါဘူး၊ သူက မကြာခဏ ရွာထဲကို ကားနဲ့သွားပြီး တစ်ညလုံး အဲဒီမှာနေ၊ အရက်သောက်ပြီးမှ တက္ကစီနဲ့ ပြန်ရောက်လာတာပါ” ဟု ပြောကြားသွားခဲ့သည်။

လွန်ခဲ့ဘည့် ၃နှစ် ဇာတိမြေ ဆန်းဒါးလန်းသို့ ပြန်လည်ရောက်ရှိလာချိန်တွင် စတေစီ ဖလောင်ဒါအမည်ရှိ အမျိုးသမီးငယ် တစ်ဦးနှင့် တွဲခုတ်ခဲ့သည်။ ဖလောင်ဒါက မကြာမီ ရက်ပိုင်းအတွင် ယင်းတို့၏ ပထမဆုံး ရင်သွေးဖြစ်သည့် ဇန်နဝါရီ ၈ရက်နေ့က မွေးဖွားခဲ့သော သမီးဖြစ်သူ အေလာ ဆိုဖီယာ၏ ဓာတ်ပုံကို သူမ၏ လူမှုကွန်ယက် စာမျက်နှာများတွင် ဖော်ပြခဲ့သည်။ ဂျွန်ဆင် ဖမ်းဆီးခံရချိန်တွင် ဖလောင်ဒါနှင့် သူ၏သမီးဖြစ် သူတို့ ဂျွန်ဆင်၏အိမ်တွင် ရှိ/မရှိဆိုသည်ကိုမူ မသိရကြောင်း သိရသည်။

ဂျွန်ဆင်အား ဒါဟမ်ရဲစခန်းတွင် စစ်ဆေးနေစဉ် ယင်း၏အိမ်တွင် ရဲတပ်ဖွဲ့ အမှတ်အသား ပြုလုပ်ထားခြင်းမ ရှိသော ရဲကား၃စီး၊ ရဲတပ်ဖွဲ့သုံး ဗန်ကားတစ်စီးနှင့်အတူ အရပ်ဝတ် ရဲအရာရှိများနှင့် ဥပဒေအရာရှိများကို လည်း တွေ့မြင်ခဲ့ရကြောင်း သိရသည်။

ဂျွန်ဆင်၏ နေအိမ်မှာ အိပ်ခန်း၆ခန်းပါ နေအိမ်ကြီးဖြစ်ပြီး ၂ဧကကျော် ကျယ်ဝန်းသော ခြံအတွင်း တည်ဆောက်ထားခြင်း ဖြစ်သည်။ ထို့ပြင် ယင်းအိမ်မှာ ကမ္ဘာကျော် ဘောလုံးသမားများ နေထိုင်လေ့ရှိသည့် စံပြအိမ်မျိုးဖြစ်ပြီး ကြမ်းခင်းများကို အီတလီ ကျောက်တုံးများဖြင့် အလှဆင်ထားပြီး ထပ်ခိုးထပ်သို့တက်ရန် လှေခါးမှာလည်း ကြောင်လိမ်လှေခါးကို အသုံးပြုထားခြင်းဖြစ်သည်။ အကြီးဆုံးအိပ်ခန်းမှာ ရေချိုးခန်းပါရှိပြီး ယင်းအခန်း၏ရှေ့တွင် အဝတ်လဲခန်းနှင့် လသာဆောင်လည်း ရှိကြောင်း သိရသည်။ ထို့ပြင် အခြားအိပ်ခန်း ၅ခန်းမှာလည်း ရေချိုးခန်းပါ အိပ်ခန်းများဖြစ်ကြောင်း သိရသည်။


ဂျွန်ဆင်၏ အမှုနှင့် ပတ်သက်၍ ဒါဟမ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက တနင်္လာညက ပြောကြား ရာတွင် “ဒီနေ့မနက်ပိုင်းမှာ အသက်၂၇နှစ်အရွယ် လူတစ်ယောက်ကို အသက်၁၆နှစ်အောက် မိန်းကလေး တစ်ယောက်ကို လိင်ကိစ္စ ကျူးလွန်ကြောင်း သံသယရှိမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်၊ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက်နေချိန်မှာ သူ့ကို အာမခံနဲ့ ပြန်လွှတ်လိုက်ပါပြီ” ဟု ပြောဆိုသွားခဲ့သည်။

ဂျွန်ဆင်အား ရုတ်တရက် ဖမ်းဆီးမှုနှင့် ပတ်သက်၍ အခင်းဖြစ်ပွားခဲ့သည့်နေရာစသော အချက်များကို ရဲ တပ်ဖွဲ့က အသေးစိပ် ထုတ်ပြန်ခြင်း မရှိပေ။

Planet Myanmar

မှတ်ချက်များ