ဖုံးဖိဖြေရှင်းလိုက်သည့် နေပြည်တော်မြို့မဈေးမှ တုတ်ဆွဲ၊ ဓါးဆွဲ ရန်ပွဲ (ရုပ်/သံ)


နေပြည်တော်မြို့မဈေးက ဈေးသည်များ ဈေးဗန်း လုခင်းရာမှ လူအုပ်စု ၂စုအကြားအငြင်းပွားမှုတခု ဖြစ်ပွား ခဲ့ရာမှ အပြန်အလှန် ရိုက်နှက်ပွဲတခု ဖြစ်ပွားခဲ့ကြသည်။

မြို့မဈေး၊ ဈေးရုံပတ်လည်၌ ပျံကျဈေးသည် အရေအတွက်(ဈေးဗန်း) ၁၀၀၀ နီးပါခန့်ရှိပြီး နေရာအပြိုင်အ ဆိုင်လုရာမှ အငြင်းပွား ရန်ဖြစ်မှုများ နေ့စဉ်နှင့်အမျှ ရှိပါသည်။

စက်တင်ဘာ ၃၀ရက်နေ့ နေ့လယ်ပိုင်းက ယင်းကဲ့သို့ ဈေးဗန်း အပြိုင်အဆိုင်ခင်းရာမှ မြို့မဈေးအဖွဲ့နှင့် ရွှေ ကြာပင်အဖွဲ့တို့ အချင်းများရန်ဖြစ်ခဲ့ကြသည်။

ဝိုင်းရိုတ်သည့်အဖွဲ့က အရိုက်ခံရသည့်အဖွဲ့အား လျော်ကြေးငွေပေး၍ ဖုံးဖုံးဖိဖိဖြင့် ပြေလည်သွားသည်ဟု ကြားသိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မှတ်ချက်များ