iPhone ကတစ်ဆင့် Facetime နဲ့ ဆရာဝန်ရဲ့ မှာကြားချက်အတိုင်း ကလေးမွေးခဲ့ရတဲ့ အမျိုးသမီး


ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက်တော့ ဆရာဝန်အနားမှာ မရှိပဲ ကလေးမွေးရတာဟာ အဆိုးရွားဆုံး အိပ်မက်ဆိုးတစ်ခု မက်နေရသလို ဖြစ်မှာပါ။

အဲဒီအိပ်မက်ဆိုးဟာတော့ နယူးဂျာစီ ပြည်နယ် ၊ နီဝါ့ခ် မြို့မှာနေထိုင်တဲ့ Rivera ဆိုတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးဆီ ကိုရောက်ရှိလာခဲ့ပါတယ်။ Rivera ဟာ မွေးရက်စေ့ပြီဖြစ်တဲ့အတွက် ကလေးမွေးဖွားဖို့ ဆေး ရုံကို ရောက်ရှိလာပါတယ်။

ဆေးရုံအရောက်မှာ Rivera ဟာ ကလေးကို ချက်ချင်းမွေးဖို့လိုအပ်တဲ့အချိန်ကို ရောက်ရှိနေပေမယ့် မွေးဖွားပေးမယ့်ဆရာဝန် ဟာ အခြားဆေးရုံတစ်ခုမှာ အရေးပေါ်အခြေအနေ တစ်ခုကိုကြုံတွေ့ နေရတဲ့ အတွက် တစ်ခါမှ ကလေးမွေးဖွားပေးဖူးခြင်း မရှိတဲ့ အကူဆရာဝန် တစ်ယောက်သာ Rivera အနားမှာ ရှိနေပါတယ်။

ဒါကြောင့် နည်းပညာ ပညာရှင်တစ်ယောက်ဖြစ်တဲ့ Rivera ရဲ့ အမျိုးသားဟာ သူ့ရဲ့ iPhone ကိုထုတ်ပြီး Facetime ဖွင့်ကာ သူတို့မိသားစုရဲ့ ဆရာဝန်ဖြစ်တဲ့ Meena Devalla ကို Facetime နဲ့ဆက်သွယ်စေပြီး အကူဆရာဝန်ကို Facetime မှတစ်ဆင့် လိုအပ်သည်များကို မှာကြားစေကာ မိနစ်၂၀ခန့်အကြာမှာ Rivera ဟာ သားဖြစ်သူ Raphael ကို ကျန်းမာစွာ မွေးဖွားနိုင်ခဲ့ပါတယ်။

Oswaida Torres လို့ခေါ်တဲ့ အကူဆရာဝန်မလေးကတော့ တစ်ခါမှာ ကလေးမွေးဖွားပေးဖူးခြင်း မရှိသလို Facetime လည်း တစ်ခါမှ မသုံးဖူးခဲ့ဘူးလို့ သိရပါတယ်။

Mario - Trend Myanmar

မှတ်ချက်များ