![]() |
| အခင်းဖြစ်နေတဲ့ ကော့တောင်ကျွန်း (Credit: ABC licensed) |
ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်ပစ်ကြောင်း ဖျောက်ချက်ပေးဖို့ မြန်မာနိုင်ငံသား နှစ်ဦးကို ထိုင်းရဲက နှိပ်စက်
ပြီး အတင်းဝန်ခံမှု ပြုခိုင်းတယ်ဆိုတဲ့ ပြောဆိုမှုကို ထိုင်းရဲချုပ်က အကြောက်အကန် ငြင်းဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံ ရဲချုပ်ကနေ ကြာရှည်တဲ့ သတင်းစာ ရှင်းလင်းပွဲ တစ်ခု ပြုလုပ်ခဲ့ပြီး မြန်မာ ရွှေ့ပြောင်း အလုပ် သမား နှစ်ဦးရဲ့ DNA အပြင် တခြား သက်သေ အထောက် အထားတွေ ရရှိတဲ့ပုံ အကြောင်းကို ရှင်းပြ ခဲ့ပါ တယ်။
လူသတ်သမားလို့ သံသယရှိသူ မြန်မာနိုင်ငံသား နှစ်ဦးကို ထိုင်းရဲတွေက နှိပ်စက် ညင်းပမ်းတာတွေ မလုပ်ခဲ့ ရသလို စစ်ဆေးမှုတွေ အတွင်း ရှေ့နေ တစ်ယောက်ပါ ရှိခဲ့တယ်လို့ ပြောပါတယ်။
ထိုင်းရဲတွေက ကနဦးမှာ လူပေါင်း ၂၄၃ ယောက်ကို သံသယဖြစ်ဖွယ်လူအဖြစ် စောင့်ကြည့်မှုတွေကို သတ် မှတ်ချက်အတိုင်း လုပ်ခဲ့ပြီးနောက်ပိုင်းမှသာ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးအရေးယူခဲ့တာ ဖြစ်တယ်လို့ လည်း ပြောပါတယ်။
မြန်မာနှစ်ဦး ထိန်းသိမ်းထားတာနဲ့ ပတ်သက်ပြီး လူမှုကွန်ယက် ဝဘ်ဆိုဒ်တွေမှာ သတင်းမှားတွေ ပျံ့နှံ့နေ တယ်လို့လည်း ထိုင်းရဲတွေက ပြောကြောင်း အေဘီစီ သတင်းထောက် Samatha Hawley က သတင်းပေး ပို့ထားပါတယ်။
မြန်မာနှစ်ဦးဟာ ကော့တောင်ကျွန်းကို ရောက်ရှိလာတဲ့ ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်ပစ်မှုနဲ့ အရေးယူခံ ထားရတာ ဖြစ်ပြီး ထိုင်းရဲတွေရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ များပြားနေပါတယ်။
တချို့ကလည်း အပြစ်မဲ့သူ နှစ်ဦး ထိုးကျွေးခံလိုက်ရတာလို့ ပြောဆိုနေကြပါတယ်။
နောက်ထိုင်းသတင်းတစ်ခုမှာတော့ မြန်မာနှစ်ဦး ထိန်းသိမ်းခံရတာတွေ၊ လူမှုကွန်ယက်မှာ ပျံ့နှံ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာသံရုံးက အရာရှိတွေ ထိုင်းရဲတွေကို မေးခွန်းထုတ်ခဲ့ပေမယ့် ထိုင်းတွေရဲ့ ဖြေရှင်းမှုကို ကြားရပြီးတဲ့နောက် ကျေနပ်သွားကြတယ်လို့ ဖော်ပြထားပါတယ်။
ABC Radio Australia

မှတ်ချက်များ