အီဘိုလာကြောင့် ဒေါ်လာ (၃၂) ဘီလီယံ နီးပါး ဆုံးရှုံးနိုင်
အီဘိုလာ ပြန့်ပွားမှုကြောင့် ယခု နှစ်ကုန်ထိ ကမ္ဘာ့ စီးပွားဆုံးရှုံးမှု ပမာဏသည် ဒေါ်လာ(၃၂ ဒသမ ၆) ဘီလီယံနီးပါး ရှိနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။
အထူးသဖြင့် အီဘိုလာ ပြင်းထန်စွာ ဖြစ်ပွားနေသော ဂီနီ၊ လိုင်ဘေးရီးယားနှင့် ဆီရာရာ လီယွန်တို့သည် အများဆုံး စီးပွား ဆုံးရှုံးမည် ဖြစ်ကာ အိမ်နီးချင်း နိုင်ငံများလည်း ဂယက်ကြီးစွာ ရိုက်နိုင်ကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။
““နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ အီဘိုလာကြောင့် ကူးသန်း သွားလာမှုတွေ ရပ်ဆိုင်း ကုန်တာမျိုး မဖြစ်အောင် စီမံကြဖို့ လိုပါမယ်။ အီဘိုလာ ဒေသတွေကို ဆရာဝန်တွေနဲ့ ကျန်းမာရေး ၀န်ထမ်းတွေ လုံ လုံ လောက်လောက် ရောက်ရှိအောင်လည်း စီမံကြဖို့ လိုသလို၊ ဆေးရုံ ဆေးပေးခန်းတွေ လုံလောက်ဖို့နဲ့ လူနာတွေ အတွက် ခုတင် လုံလောက်ဖို့ထိ စီမံကြဖို့ လိုပါမယ်။ အီဘိုလာ နိုင်ငံတွေကို ကျန်းမာရေး ဆိုင် ရာနဲ့ ဖွံ့ဖြိုးရေး ဆိုင်ရာ အထောက်အကူတွေ ပိုမို ပေးအပ်နိုင်ဖို့လည်း ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်”” ဟု ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယောင်ကင် ကလည်း ပြောကြားလိုက်သည်။
““အီဘိုလာ နိုင်ငံတွေ အတွက် ကျန်းမာရေး အခြေခံ အဆောက်အအုံတွေ ပိုကောင်းအောင် ဖြည့် ဆည်း ပေးခြင်းနည်းနဲ့ စီးပွား ဆုံးရှုံးမှု ပမာဏ နည်းနိုင်သမျှ နည်းအောင် ကာကွယ် ကြရပါမယ်”” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
စီးပွား ဆုံးရှုံးနိုင်ချေကို ကမ္ဘာ့ဘဏ်က နှစ်ပိုင်းခွဲ ခန့်မှန်းထားသည်။
- အပြင်းထန်ဆုံး ဖြစ်ပွားနေသော သုံးနိုင်ငံမှာတင် ထိရောက်စွာ ထိန်းချုပ် နိုင်လိုက်မည် ဆိုပါက နှစ်ကုန် ထိ စီးပွား ဆုံးရှုံးမှုသည် ဒေါ်လာ (၉) ဘီလီယံ ရှိမည်။
- မထိန်းချုပ်နိုင်ဘဲ အိမ်နီးချင်း နိုင်ငံများသို့ပါ ပြန့်သွားမည် ဆိုပါက နှစ်ကုန်ထိ ဆုံးရှုံးမှုသည် ဒေါ်လာ (၃၂ ဒသမ ၆) ဘီလီယံဖိုးထိ ရှိမည်ဖြစ်သည်။
searchmyanmar

မှတ်ချက်များ