ဟောင်ကောင်အစိုးရက ဆန္ဒပြသူများနှင့် ဆွေးနွေးမည်ဆိုသော်လည်း ရဲများက ရိုက်နှက်မှုဖြစ်ပွား


ဆန္ဒပြကျောင်းသားများနှင့် အောက်တိုဘာ ၂၁ ရက်တွင် တွေ့ဆုံက ဖွဲ့စည်းအုပ်ချုပ်ပုံ ပြင်ဆင်ရေးကို အဓိ ကဆွေးနွေးသွားမည်ဟု ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးချုပ် ကာရီလမ်က ပြောကြားပြီး နာရီပိုင်းအကြာ အောက်တိုဘာ ၁၉ ရက် နံနက်တွင် ရဲများက ဆန္ဒပြသူများအားရိုက်နှက်မှုများ ဖြစ်ပွားခဲ့
ကြောင်းသိရသည်။

အဓိကရုဏ်းနှိမ်နှင်းရေးရဲများက မွန်ကော့အရပ်ရှိ ဆန္ဒပြသူများကို ရိုက်နှက်မှုကြောင့် ဦးခေါင်းတွင် ဒဏ်ရာ ရသူများအပါအ၀င် ထိခိုက်သူများကို ဆေးရုံသို့ ပို့ခဲ့ရသည်။

ဟောင်ကောင်အုပ်ချုပ်ရေးမှူးလျောင်ချန်ရင်းက ပြီးခဲ့သည့်သီတင်းပတ်အစောပိုင်းက ဆန္ဒပြသူများနှင့်
ဆွေးနွေးတော့မည်မဟုတ်ကြောင်း ကြေညာခဲ့သော်လည်း ဆန္ဒပြသည့်အင်အားများ ပြန်လည် တိုးမြင့် လာသောကြောင့် ဆန္ဒပြအဖွဲ့များ အနက်မှ ဟောင်ကောင်ကျောင်း သားများ အဖွဲ့ချုပ်နှင့် ဆွေးနွေးရန်
ပြန်လည်သဘောတူညီခဲ့ခြင်းဖြစ်သည်။

လာမည့်ဆွေးနွေးပွဲအား နှစ်နာရီကြာ ပြုလုပ်မည်ဖြစ်ပြီး အစိုးရဘက်နှင့် ကျောင်းသားဘက်မှ ငါးဦးစီပါဝင် မည်ဖြစ်ကြောင်း သိရသည်။

mizzima

မှတ်ချက်များ