ရင်သွေးငယ် သေဆုံးမှုအပေါ် ဥပဒေအရ ရင်ဆိုင်မည်ဟု ကာယကံရှင် မိသားစုပြော

ဝိတိုရိယဆေးရုံကြီးတွင် မွေးဖွားခဲ့သည့် ကလေးငယ်
သေဆုံးသွားသည့်အပေါ် ဥပဒေအ တိုင်းဆက်လက်
ဆောင်ရွက်သွားမည်ဟု ကာယကံ ရှင်မိသားစုက
အောက်တိုဘာ ၁၈ရက်က သတင်းစာရှင်း လင်းပွဲတွင်
ပြောဆိုလိုက်သည်။

“ဆုံးရှုံးသွားခြင်းက ဘာနဲ့မှတန်းဖိုးဖြတ်လို့မရဘူး။ ဥပဒေအရ ဆောင်ရွက်ရန်ရှိသည်ကိုဆက်လက်ဆောင် ရွက်သွားမယ်။ အန်တီဥပဒေအရဆက်လက်ဆောင် ရွက်မယ်”ဟု ကာယကံရှင်၏အဒေါ်ဖြစ်သူဒေါ်စံပယ် လတ်က ပြောသည်။

ကလေးငယ်သေဆုံးမှုအပေါ် အောက်တိုဘာ ၁၅ရက် ကထုတ်ပြန်ခဲ့သည့် ဝိတိုရိယဆေးရုံး၏ ထုတ်ပြန်ချက် အပေါ် ယခုကဲ့သို့တုံ့ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဆေးရုံ၏ ထုတ်ပြန် ချက်တွင် ကလေးကို မွေးရက်ထက် အချိန်ငါး ပတ်စော မွေးဖွား ခဲ့ရပြီး ပစ္စည်း ကိရိယာ စုံလင်မှုမ ရှိသဖြင့် ရန်ကင်း ကလေး ဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့သည်ဟု ဖော်ပြထားသည်။

ကလေးမိခင် မနွေးဝါဝါလတ်သည် ကိုယ်ဝန်ကို တာဝန်ယူမွေးဖွားပေးရန်ဝိတိုရိယဆေးရုံသားဖွားနှင့် မီးယပ် အထူးကုပါမောက္ခဒေါ်ခင်သိန်းဦးထံအပ်နှံခဲ့သည်။

ကိုယ်ဝန်ဆောင်မိခင်မှာ မွေးရက်ထက်စော၍ဗိုက်နာသောကြောင့် ဝိတိုရိယဆေးရုံကြီးတွင် အောက်တိုဘာ ၃ရက်၌ သွားရောက်မွေးဖွားခဲ့သည်။ ကလေးငယ် မှာ အသက်ကောင်းစွာ မရှုခြင်းကြောင့် ရန်ကင်းကလေး
ဆေး ရုံကြီးသို့ ပြောင်းရွှေ့ကုသခဲ့သော်လည်း အဆုတ်ပေါက်ကာ ရင်ခေါင်းတွင်းလေပြည့် သဖြင့်နှလုံး ကိုဖိ၍ လေငတ်ကာ သေဆုံးခဲ့ရသည်။

ခင်မြတ်မြတ်ဝေ | mizzima

မှတ်ချက်များ