မူးယစ်ဆေးစွဲနေတဲ့ မိခင်ရဲ့ ဘိန်းဖြူအစားထိုး ဓါတုဗေဒ ဆေးတွေ သောက်သုံးမိပြီး သေဆုံးခဲ့တဲ့ ကလေးငယ်
အသက် ၂ နှစ်သာ ရှိသေးတဲ့ ကလေးငယ်မလေး Sophie Jonesဟာ မူးယစ်ဆေးစွဲနေတဲ့ သူမ မိခင်ရဲ့ Methadone ဆေးတွေကို သောက်သုံးမိပြီး သေဆုံးသွားခဲ့ပါတယ်။ Methadone ဆေးဟာ လူတိုင်းသောက် သုံးရန် တားမြစ်ထားပြီး မူးယစ်ဆေးစွဲနေသူတွေကိုသာ ဘိန်းဖြူအစား သောက်သုံးဖို့ ဆရာဝန်တွေက ညွှန်ကြားလေ့ရှိတဲ့ ဓါတုဗေဒ ဆေးဝါးတစ်မျိုးဖြစ်ပါတယ်။
သူမရဲ့ မိခင်ဟာ ထိုဆေးတွေကို Sophine Jones ရဲ့ Tom and Jerry အရုပ်ပါ ခွက်ထဲမှာ ထည့်ထားခဲ့မိတာ
ဖြစ်ပါတယ်။ ကလေးမလေး အဲ့ဒီဆေးတွေ သောက်ပြီးပြီးချင်း ဆေးရုံကို ပို့ခဲ့ပေမယ့် တစ်နာရီခန့်အကြာ မှာပဲ သေဆုံးသွားခဲ့ပါတယ်။
အသက် ၂၉ နှစ်အရွယ် သူမရဲ့ မိခင်ဖြစ်တဲ့ Michelle King ဟာ ဘိန်းဖြူစွဲနသူ တစ်ဦးဖြစ်ပြီး Methadone
ဆေးတွေကို အစားထိုး သောက်သုံးနေတာဖြစ်ပါတယ်။ တရားရုံးကတော့ Sophie Jones သေဆုံးမှုဟာ မိဘတွေရဲ့ပေါ့ဆမှု ကြောင့်သာ ဖြစ်တယ်လို့ ဆိုပါတယ်။
Trend Myanmar

မှတ်ချက်များ