ပြီးခဲ့တဲ့နှစ် မတ်လက မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပ က္ခကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ ကြသူတွေထဲက ရေအ ရင်းမြစ်ရုံး ကယ်ဆယ်ရေး စခန်းမှာ နေထိုင်ကြသူ သုံး ရာကျော်ကို ပို့ဆောင်ဆက်သွယ်ရေး ရုံးဝင်းထဲက ကယ်ဆယ်ရေးစခန်းကို ဒီနေ့ ပြောင်းရွှေ့နေရာချ ပေး လိုက်ပါတယ်။
ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်ကြသူ အရေအ တွက် နည်းပါးလာတဲ့အတွက် အခုလို စုပေါင်းနေရာချ ဖို့ စီစဉ်လိုက်တာဖြစ်တယ်လို့ ရေအရင်းမြစ်ရုံး ကယ်ဆယ်ရေးစခန်း တာဝန်ခံ ဦးအောင်ဌေးက ပြောပါတယ်။
"ရေအရင်းအမြစ် ကယ်ဆယ်ကယ်ဆယ်ရေး ဒုက္ခသည်စခန်းထဲမှာက လူကလည်း ၄၀၀ လောက်ဦးပဲရှိ
တော့တယ်လေ၊ လူကတော်တော်လေးကိုနည်းနည်းလေးနဲ့ ကယ်ဆယ်ရေးစခန်းတွေကများနေတော့ နှစ် ခုပေါင်းမှ တစ်ခုစာလောက်ရှိတော့တာကိုး၊ အဲ့ဒါကြောင့် အနီးအနားလိုက်ရှာလိုက်တဲ့အချိန်ကျတော့ ပြန့် ကျဲနေတာတွေကို တစ်ခုတည်းပဲပေါင်းစည်းပေးလိုက်မယ်ဆိုရင် အဆင်ပြေသွားမှာကို တစ်ယောက်နဲ့တစ်
ယောက်တိုင်ပင်ပြီးတော့ ၇၈ စု၊ ကျန်တဲ့ဟာကို ကျနော်တို့ ပို့ဆောင်ဆက်သွယ်ရေး ကယ်ဆယ်ရေးစခန်းထဲ ကို ပြောင်းပေးလိုက်တယ်"
ရေအရင်းမြစ်ရုံးနဲ့ ပို့ဆောင်ဆက်သွယ်ရေးရုံးဝင်းတွေက ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေကြတဲ့ ဒုက္ခသည်တွေဟာ အရင်က ချမ်းအေးသာယာရပ်ကွက်မှာ နေထိုင်ခဲ့ကြသူတွေဖြစ်ပြီး၊ ပို့ဆောင်ဆက် သွယ်ရေး ကယ်ဆယ်ရေးစခန်းမှာ အခုဆိုရင် လူဦးရေ နှစ်ထောင်ကျော်ရှိနေပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လက အိမ်ထောင်စုပေါင်း ၃၅ဝ ကို လုံးချင်းအိမ် အလုံး ၃၅ဝ ချထားပေးပြီဖြစ်ပြီး ကျန်ရှိနေ တဲ့ ဒုက္ခသည်တွေကို လာမယ့်၂ဝ၁၅ ခုနှစ် မတ်လလောက်မှာ နေရာအပြီးချပေးဖို့ စီစဉ်ထားတယ်လို့ သိရပါ တယ်။
ပြီးခဲ့တဲ့ မတ်လ ၂ဝ ရက်နေ့က မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် အိမ်ခြေ ၃ဝဝဝ နီးပါးပျက်စီးခဲ့ပြီး လူဦးရေ တစ်သောင်းနီးပါး ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့ကြပါတယ်။
RFA Burmese

မှတ်ချက်များ