ကျောင်းဆရာက ပထမတန်းကျောင်းသူ (၇)ဦးကို မဖွယ်မရာလုပ်

နွားထိုးကြီးမြို့နယ်၊ ဇီးကျေး ရွာမူလတန်းကျောင်း တွင် ပထမတန်းကျောင်းသူ(၇) ယောက်ကို ကျောင်း ဆ ရာနှင့် ပညာရေးလုပ် သားတို့ကလက်သုံး၍ မ ဖွယ်မရာ ကျင့်မှုဖြစ်ပွား၍နွားထိုးကြီးနယ်ဝက်လူးရဲစ ခန်းက ဖမ်းဆီးအရေး ယူမှုကို စက်တင်ဘာ (၂၉) ရက် က ဖြစ်ပွားသည် ယင်းတို့မှာ လူပျိုလူလွတ်များ
ဖြစ်ကြ သည်ဆိုသည်။

ဖြစ်စဉ်မှာ မြ၀တီကျောင်း ဆရာဇင်မောင် (၃၁)နှစ်
နှင့် ဇီးပညာရေးလုပ်သား ညွန့်ဝင်း (၅၁) နှစ်ဆိုသူတို့ သည် ဇီးကျောင်း တွင် စာသင်ချိန် (-) ညီအစ်မ (၂) ဦးအပါအ၀င်ကျောင်းသူ (၇) ဦးကို စကတ်ချွတ်၊ လက်ဖြင့်မဖွယ် မရာပြုလုပ်ကြောင်း အဘိုးဖြစ်သူ ဦးမြင့် ရှိန်ကသိရှိ၍ ၀က်လူးရဲစခန်း တိုင်ကြားမှုဖြစ်သည်။

ကျောင်းသူများမှာ ပထမတန်းကျောင်းသူ၊ အရွယ်မရောက်သေးသူများဖြစ် ပြီး မကြာခဏယင်းသို့ပြုလုပ်ခံရ သည်ဆိုသည်။

ဝက်လူးရဲစခန်းက ပ ၅၃/ ၂၀၁၄ ပုဒ်မ ၃၇၆/၅၁၁ ဖြင့် ရဲအုပ်မောင်ဝင်းကအမှုကို ဖမ်းဆီး စစ်ဆေးနေသည်။ မြို့နယ်ပညာ ရေးဌာနကလည်း ၀က်လူးအထက် တန်းကျောင်းအုပ်ဒေါ်ဆွေဆွေစန်း၊ အတွင်းရေးမှူး လ/ထ ပညာရေး မှူးဦးညိုအေး၊ အဖွဲ့ဝင် ဒေါ်အိ အိချောပဲ ချက်အထက ကျောင်းအုပ်တို့ပါဝင်သော စုံစမ်းစစ်ဆေး
ရေးဖြင့်ဌာနဆိုင်ရာအရေးယူထား ကြောင်း၊ မြို့နယ်ပညာရေးရုံးမှ တာဝန်ရှိသူကပြောပြသည်။

Hot News Journal

မှတ်ချက်များ