လျှပ်စစ်ဓာတ်အား ထုတ်ပြီးရင် ထိုင်းကို ရောင်းမယ် – ဦးရဲမင်းအောင်

ဦးရဲမင်းအောင်
တနင်္သာရီတိုင်း မြိတ်မြို့နယ်မှာ အမေရိကန်ဒေါ်လာ သန်းပေါင်း သုံးထောင့်ငါးရာခန့် ရင်းနှီးမြှုပ်နှံဆောင် ရွက်ရမယ့် လျှပ်စစ်မဂ္ဂါဝပ် ၁၈၀၀ ထုတ်လုပ်မယ့် “ကျောက်မီးသွေးလောင်စာသုံး လျပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်း” အတွက် ရှေ့ပြေးဆန်းစစ်ကြဖို့ နားလည်မှုစာချွန်လွှာကို အစိုးရနဲ့ ကုမ္ပဏီတွေက အောက် တိုဘာ (၉) ရက်နေ့က လက်မှတ်ထိုးကြပါတယ်။

လုပ်ငန်းဖြစ်နိုင်ခြေရှိမရှိ ဆန်းစစ်ချက် (FS) ၊ သဘာဝ နှင့်လူမှုပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ဆန်းစစ် ချက် (EIA/SIA) တွေဆောင်ရွက်ကြဖို့ ဂျပန်နိုင်ငံမှ Marubeni Corporation၊ ထိုင်းနိုင်ငံမှ GPSC (PTT Group member)၊ ထိုင်းနိုင်ငံမှ အစိုးရအဖွဲ့ပိုင် EGAI-I၊ Sri Synergy၊ မြန်မာနိုင်ငံမှ ဧရာဟင်္သာကုမ္ပဏီတို့ ပူးပေါင်းပါဝင်သော အဖွဲ့နဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ နေပြည်တော်မှာ လက်မှတ်ရေးထိုးကြတယ်လို့ လက်မှတ် ရေးထိုးသူ ဧရာဟင်္သာကုမ္ပဏီ မန်းနေးဂျင်းဒါရိုက်တာ ဦးရဲမင်းအောင်က ပြောပါတယ်။

ဦးရဲမင်းအောင်ကို ဒီဗွီဘီသတင်းထောက် ကိုအေးနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီစီမံကိန်းက ထွက်မယ့် လျှပ်စစ်မဂ္ဂါဝပ် ပမာဏကလည်း မနည်းဘူးဆိုတော့ ဒီလျှပ်စစ်တွေကို မြန်မာပြည် မှာ သုံးဖို့လား၊ ထိုင်းနိုင်ငံကို ရောင်းဖို့လားဆိုတာ ရှင်းပြပါလား။

“အဓိကကတော့ ကျနော်တို့က ရည်ရွယ်ချက်က ကျနော်တို့က လျှပ်စစ်ဓာတ်အား ထုတ်မယ်။ ထုတ်ပြီး ရင် ရောင်းမှာပေါ့။ လက်ရှိအနေအထား အရကြည့်မယ်ဆို ရင်တော့ မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား လို အပ်ချက်က ဘာမှမရှိဘူး။ မဂ္ဂါဝပ် (၁၀၀) (၂၀၀) ဆိုရင် တနင်္သာရီတိုင်းက လုံလောက်တာပေါ့နော်။ ဒါပေ မယ့် နောင် (၅) နှစ်၊ နောင် (၁၀) နှစ်ကို ကြိုပြီးတော့ စဉ်းစားမယ်ဆိုရင်တော့ ကျနော်တို့ မဂ္ဂါဝပ် (၁၈၀၀) က လည်း လောက်မှာမဟုတ်ဘူး။

နောက် National Grid (မဟာဓာတ်အားလိုင်း) ကလည်း ချိတ်ဆက်ပြီးသွားပြီဆိုရင်တော့ တနိုင်ငံလုံးရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်က အများကြီး ထွက်လာမှာလေ။ အဲဒီတော့ ကျနော်တို့က မူလရည်ရွယ်ချက် ကိုက ဘယ်လိုမဆိုပဲ ကျနော်တို့စက်ရုံက မြန်မာနိုင်ငံမှာရှိတော့ မြန်မာနိုင်ငံရဲ့လိုအပ်ချက်ကိုတော့ ဦးစားပေးပြီးတော့ ရောင်းမှာပဲ။ နောက်တခါ ပိုလျှံတာကိုလည်း နိုင်ငံခြားကို တင်ပို့ရောင်းချမှာပဲပေါ့နော်။ ထိုင်းကို ကျနော်တို့ ရောင်းဖို့။ နောက်တခုက ကျနော်တို့က လောလောဆယ်ကာလကိုပဲ စဉ်းစားတယ်။

လောလောဆယ် ၂ နှစ် ၃ နှစ်အတွင်းမှာ ဒီဒေသမှာ မီတာခ ၁ ယူနစ်ကို ကျပ် ၄၀၀ ကျော်ဖြစ်နေတာ ဘယ် လိုဖြေရှင်းပေးရမလဲပေါ့။ အဲဒီတော့ လတ်တလော တ နှစ်အတွင်းမှာ ထိုင်းဘက်ကနေ လျှပ်စစ်ဓာတ်အား ကို ဒီဘက်ကို ဆွဲယူပြီးတော့ သွယ်တန်းပြီးတော့မှ သက်သာတဲ့ ဈေးနှုန်းတခုနဲ့ ဖြန့်ဖြူးဖို့၊ ဒါကလည်း ဦးစားပေး လုပ်မယ့်ကိစ္စတခုထဲမှာ ပါတာပေါ့။”

အဲဒီတော့ ထားဝယ်ရေနက်ဆိပ်ကမ်းတို့ဘာတို့ကျတော့ရော ဦးရဲမင်းအောင်တို့ဆီက သွားတာရှိမလား။

“သွားမှာပေါ့။ အဓိက ကတော့ ကျနော်တို့ကတော့ လောလောဆယ်မှာ ဒီပရောဂျက်ကြီးက ဒေါ်လာ (၃ ဒသ မ ၅ ဘီလီယံ) ဒေါ်လာ သန်း (၃၅၀၀) လောက် ရင်းနှီးမြှုပ်နှံရမှာ။ ဒီ (၃ ဒသမ ၅ ဘီလီယံ) ကို ကျနော်တို့က
နိုင်ငံတကာ ငွေရေးကြေးရေး၊ ဘဏ္ဍာရေးအဖွဲ့အစည်းတွေက ချေးဖို့အတွက်က ဘယ်သူဝယ်မှာလဲဆိုတဲ့ ခိုင်မာတဲ့ သဘောတူညီချက် (Audit Agreement) ပေါ့နော်၊ ဘယ်သူက၀ယ်မှာလဲ ဒီဟာကို၊ လတ်တလော အနေအထားမှာ မြန်မာနိုင်ငံက မ၀ယ်နိုင်ဘူး။

အဲဒီတော့ ကျနော်တို့က ဘာကို ပြောရလဲဆိုရင် ထိုင်းနိုင်ငံက ပါဝါလိုအပ်ချက်ရှိတဲ့အတွက် ထိုင်းနိုင်ငံက ၀ယ်မယ်၊ ထိုင်းနိုင်ငံက သေချာတဲ့ ၀ယ်သူဖြစ်တယ်။ မြန်မာနိုင်ငံက မ၀ယ်ဘူးဆိုရင် ထိုင်းနိုင်ငံကတော့
သေချာတယ် ၀ယ်မှာ၊ ဒါကြောင့်မို့ ထိုင်းနိုင်ငံကို ရောင်းလို့လည်းရတယ်။

နောက် မြန်မာနိုင်ငံမှာ ဒေသလိုအပ်ချက်ကိုလည်း ပေးမယ်၊ မြန်မာနိုင်ငံက ၀ယ်ရင်လည်း မြန်မာနိုင်ငံကို
ရောင်းမယ်။ တစ်နည်းအားဖြင့် Bankable (ငွေထုတ်ချေးမယ့်အဖွဲ့အစည်းတွေက လက်ခံဖို့ အဆိုပြုချက်)
ဖြစ်အောင်ပေါ့၊ ဘန်ကေဗယ်လတီ (Bankablility) (ငွေထုတ်ချေးမယ့်အဖွဲ့အစည်းတွေက လက်ခံအောင်) အတွက်ကိုလည်း ကျနော်တို့ စဉ်းစားရတဲ့သဘောရှိပါတယ်။

“အဓိကကတော့ ကျနော်တို့ မြန်မာလုပ်ငန်းရှင်တယောက်အနေနဲ့ကတော့ ဒီဒေသမှာ လိုအပ်နေတဲ့ လျှပ် စစ်ဓာတ်အားရော၊ တိုင်းပြည်အတွက် လိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အားရောကို ကျနော်တို့ စီးပွားရေးလုပ်လို့ အကျိုးရှိသလို တဖက်ကလည်း ဒေသဖွံ့ဖြိုးရေးကို Win Win (ဘက်စုံ အကျိုးရှိ) ဖြစ်အောင် ဆောင်ရွက်ပေး ချင်တာပေါ့လေ။

ဒါပေမယ့်လည်း ခုနပြောသလို လုပ်နိုင်တဲ့အနေအထားရှိမရှိဆိုတာ ကျနော်တို့က (လုပ်ငန်းဖြစ်နိုင်ခြေရှိမရှိ ဆန်းစစ်ချက်) ၊ (သဘာဝ နှင့်လူမှုပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ဆန်းစစ်ချက်) အပေါ်မှာလည်းအများ ကြီး မူတည်သေးပါတယ်။ FS နဲ့ EIA/SIA က အဆင်မပြေဘူးဆိုလည်း ကျနော်တို့ လုပ်နိုင်မှာမဟုတ် ပါဘူး။

ကျနော်တို့ကတော့ Transparency (ပွင့်လင်းမြင်သာမှု) ရှိရှိနဲ့ ဘာပဲပြောပြော နောက်ပိုင်းကျလည်း ဧရာ ဟင်္သာအနေနဲ့ ဒါကို ဘာမှ ဆက်လုပ်ဖို့မရှိဘူး။ ကျနော်တို့က အများပိုင်ကုမ္ပဏီဖြစ်သွားမှာလေ။ မည်သူ မဆိုပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီလုပ်ငန်းဟာ အင်မတန် Profit (အကျိုးအမြတ်) များတဲ့လုပ်ငန်း။ အင်မတန် Profit များတဲ့လုပ်ငန်းကို ကျနော်တို့လည်း ပါနိုင်တဲ့အတိုင်းအတာတခုထိပါမယ်။

‘နောက်တခုက အကုန်လုံးက ထင်သာမြင်သာမရှိဘဲနဲ့ ရသမျှအကျိုးအမြတ်ကို သိမ်းကျုံးယူတာမျိုးလည်း မဟုတ်ဘူး။ ဒါကြောင့်မို့ ကျနော်တို့က အဲဒီဒေသမှာရှိတဲ့လူတွေကိုလည်း ပါစေချင်တယ်။ ဒါကြောင့်မို့လို့ multiple concept အများပိုင်ကုမ္ပဏီ နဲ့ ကျနော်တို့ သွားမှာပေါ့နော်။

အဲဒီပွဲမှာကြည့်လိုက်ရင် Marubeni ဆိုလည်း အများပိုင်ပဲ။ PTT ဆိုလည်း အများပိုင်ပဲ။ အကုန်လုံးအများ ပိုင်ပဲ။ ကျနော်တို့ မြန်မာနိုင်ငံမှာတော့ ဒီလုပ်ငန်းတွေဟာ များသောအားဖြင့် ကုမ္ပဏီကြီးတွေကသာလုပ်တဲ့ လုပ်ငန်းတွေဖြစ်နေတော့ အများပြည် သူပါဝင်မှုက တော်တော်ခက်ခဲတာပေါ့နော်။ အဲဒါကြောင့်မို့ ကျနော် တို့က အများပြည်သူပါဝင်မှုကို ဖွင့်ပေးချင်တာ။”

DVB



မှတ်ချက်များ