ခိုထောင်ကျွန်းလူသတ်မှု စုံစမ်းစစ်ဆေးရာတွင် ဗြိတိန်နှင့် မြန်မာနိုင်ငံမှ လေ့လာရေးအဖွဲ့စေလွှတ်မည့်ကိစ္စ ထိုင်းအစိုးရသဘောတူ
ခိုထောင်ကျွန်းလူသတ်မှုတွင် တရားစီရင်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လေ့လာရန် ဗြိတိန်နှင့် မြန်မာ နိုင်ငံတို့မှ လေ့လာသူများအဖွဲ့ကို ခွင့်ပြုရန် ထိုင်းနိုင်ငံက မူအားဖြင့် သဘောတူလိုက်သည်။ ယင်းလူသတ် မှုက ဗြိတိန်နှင့် မြန်မာနှစ်နိုင်ငံလုံး၌ မီဒီယာများ၏ ပြစ်တင်ဝေဖန်မှုများပေါ်ထွက် စေခဲ့သည်။
အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲ ဆွမ်ယော့ပွမ်ပန်မူအန်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း ၀န်ကီယတ် တီခွန်ချတ်ပရာဆတ်၊ ဗြိတိန်သံအမတ်ကြီး မတ်ကင့်နှင့် မြန်မာသံအမတ်ကြီး ဦးဝင်းမောင်တို့
တွေ့ဆုံဆွေးနွေးပြီးနောက် အထက်ပါအတိုင်း သဘောတူခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆက်ဝန်နာမက်သီက ဗိုလ်ချုပ်ကြီးဆွမ်ယော့သည် သံအမတ်ကြီး နှစ်ဦးနှင့် သုံးနာရီကြာ တွေ့ဆုံပြီး ထိုင်းအစိုးရအနေဖြင့် အမှုကို ပွင့်လင်းမြင်သာစွာ ကိုင် တွယ်ဆောင်ရွက်မည်ဟု အာမခံကြောင်း ပြောကြားသည်။
တချိန်တည်းတွင် ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက လေ့လာရေးအဖွဲ့ စေလွှတ်မည့်ကိစ္စကို ကြိုဆိုခဲ့သည်။ ပရာယွတ်က ထိုင်းအရာရှိများသည် အမှုကိုကျွမ်းကျင်စွာကိုင်တွယ်မည်ဟု ယုံကြည်ကြောင်း ပြောကြား သည်။
“မြန်မာနှင့် ဗြိတိန်တို့ဟာ လူမှုရေး၊ မီဒီယာအပါအ၀င် ထိုင်းမီဒီယာကို စောင့်ကြည့်နေကြတယ်။ သူတို့ အနေ နဲ့ အမှုနှင့် ပတ်သက်ပြီး ရှင်းလင်းချက်တောင်းခံတာဟာ လုပ်ရိုးလုပ်စဉ်ပဲ။ ဒီလိုလုပ်တဲ့အတွက် သူတို့ဟာ ကျွန်တော်တို့ရဲ့ တရား စီရင်ရေးစနစ်အပေါ် မယုံကြည်တဲ့သဘော မဟုတ်ဘူး”ဟု ဗိုလ်ချုပ်ကြီးပရာယွတ် က ပြောကြားသည်။
ဆူရက်သာနီခရိုင်၊ ကော့စမွီပြည်နယ် တရားရုံးသည် အောက်တိုဘာ ၁၄ ရက်နေ့တွင် အဓိက အစိုးရသက်
သေများ ပါဝင်သည့် ကနဦးကြားနာစစ်ဆေးမှု တရပ်ပြုလုပ်ခဲ့သည်။
ထိုင်းအစိုးရ သက်သေ မောင်မောင်(၂၃ နှစ်)က ဗြိတိန်စုံတွဲ မီလာနှင့် ၀စ်သားရင်းတို့အား သတ်ဖြတ်၊ မုဒိမ်း ကျင့်ခဲ့သည်ဟု စွပ်စွဲခံရသော ၀င်းဇော်ထွန်း၊ ဇော်လင်းတို့နှင့် ပတ်သက်ပြီး အစစ်ခံသည်။
အောက်တိုဘာ ၁၄ ရက် ကြားနာ စစ်ဆေးမှုသို့ သံသယရှိရသူနှစ်ဦးကို တက်ရောက်နားထောင်ခွင့်ပြုသည်။ ထိုင်းရှေ့နေ များကောင်စီက သံသယရှိသူနှစ်ဦးအတွက် လိုက်ပါဆောင်ရွက်ရန် ရှေ့နေတဦးခန့်အပ်ခဲ့ သည်။
ခိုထောင်ကျွန်း AC Two စားသောက်ဆိုင်တွင် စားပွဲထိုးအဖြစ် လုပ်ကိုင်နေသည့် မောင်မောင်က လူသတ် မှုဖြစ်ပွားသည့်ညက လုံခြုံရေးကင်မရာများတွင် တွေ့မြင်ရသော အမျိုးသားသုံးဦးမှာ မိမိ၊ ၀င်းဇော်ထွန်းနှင့်
ဇော်လင်းတို့ ဖြစ်ကြောင်း အတည်ပြုသည်။
အစိုးရရှေ့ နေက စက်တင်ဘာ ၁၄ ရက် ည ၁၁ နာရီ ၁၀ မိနစ်တွင် ၎င်းတို့ 7-Eleven ဆိုင်တဆိုင်သို့ဝင်လာ ပြီး ဘီယာသုံးပုလင်း ၀ယ်ယူခဲ့ပုံ၊ ည ၁၁ နာရီ ၁၂ မိနစ်တွင် မောင်မောင် စီးကရက်ဝယ်ရန် 7-Eleven မှ ထွက်လာပုံတို့ကို ဗွီဒီယို ဖွင့်ပြသည်။ နောက်ပိုင်း ဗြိတိန်စုံတွဲအသတ်မခံရမီ နောက်ဆုံးတွေ့မြင်ခဲ့ရသော AC Bar ရှေ့ လမ်းသွယ်တခုမှ ၎င်းတို့ သုံးဦးထွက်ခွာ လာသည်။ ဇော်လင်းက မောင်မောင်နှင့် အတူ ဆိုင် ကယ်မောင်းလာပြီး ၀င်းဇော်ထွန်းက ဆိုင်ကယ်နောက်တွင် ဂီတာ တလက်ကိုင်ကာ ထိုင်လိုက်လာသည်။
မောင်မောင်က မိမိနှင့် အခြားလူ နှစ်ဦးသည် လူသတ်မှုဖြစ်သည့်ညက အခင်းဖြစ်သည့်နေရာနှင့် မီတာ ၁၀၀ အကွာ၌ ဆိုင်ရီကမ်းခြေတွင် ဘီယာသောက်ပြီး ဂီတာတီးခဲ့ကြောင်း၊ ဘီယာသောက်ပြီးနောက် မိမိတဦး တည်း ပြန်လာခဲ့ကြောင်း ပြောကြားသည်။
အမှတ်-၈ ဒေသ အစိုးရရှေ့နေရုံး ညွှန်ကြားရေးမှူးချုပ် သာဝပ်ချိုင်ဆီအန်ဂျာအူ က ၎င်း၏အဖွဲ့သည် ရဲတပ် ဖွဲ့ထံမှ ပြန်လည်စုံစမ်းစစ်ဆေးမှုတရပ်၏ အပြီးသတ်အပိုင်းကို စောင့်မျှော်နေကြောင်း ပြောကြားသည်။
Ref; (Bangkok Post)
News Watch

မှတ်ချက်များ