တရုတ်နိုင်ငံ၏ အချမ်းသာဆုံး အင်တာနက်စီးပွားရေးလုပ်ငန်းရှင် ဂျက်မား


ဂျက်မားခေါ် မာယွန်းသည် တရုတ်စီးပွားရေးလုပ်ငန်းရှင်နှင့် ပေးကမ်းစွန့်ကြဲမှု ရက်ရောသူတစ်ဦးဖြစ်သည်။

တရုတ်နိုင်ငံတွင် အလွန်အောင်မြင်သော အင်တာနက်အခြေခံ စီးပွားရေးလုပ်ငန်းစု AlibabaGroup ကို တည်ထောင်သူနှင့် အမှုဆောင်ဥက္ကဋ္ဌ ဖြစ်သည်။

ဂျက်မားကို ဇီကျန်းပြည်နယ် ဟန်ဂူးဒေသတွင် ၁၉၆၄ ခုနှစ် အောက်တိုဘာ ၁၅ ရက်က မွေးဖွားခဲ့သည်။ ငယ်ရွယ်စဉ်ကပင် အင်္ဂလိပ်စာလေ့လာလိုသော ဂျက်မားသည် အနီးအနားတွင်ရှိသော ဟိုတယ်သို့ ၄၅ မိနစ်ခန့် စက်ဘီးစီးသွားပြီး နိုင်ငံခြားသားများနှင့် သွားရောက်စကားပြောဆိုသည်။

အင်္ဂလိပ်စာလေ့ကျင့်မှုရရန်နှင့် တိုးတက်ရန် နိုင်ငံခြားသားများအား ၎င်းတို့ မြို့တစ်ဝန်း အခမဲ့လိုက်ပါ၍ လမ်းညွှန်ပေးခဲ့သည်။

ဝင်ခွင့်စာမေးပွဲ နှစ်ကြိမ်ကျရှုံးပြီးနောက် ဟန်ဂူးဆရာများ အင်စတီကျု့ဒ်တွင် တက်ရောက်ခဲ့ပြီး ၁၉၈၈ ခုနှစ် တွင် အင်္ဂလိပ်စာဖြင့် ဘွဲ့ရသည်။ နောက်ပိုင်းတွင် ဟန်ဂူးဒန်ဇီတက္ကသိုလ်တွင် အင်္ဂလိပ်စာပြကထိကအဖြစ် လုပ်ကိုင်ခဲ့သည်။ ဟောင်ကောင်ဘီလျံနာလီကာရှင်း ၂၀၀၂ ခုနှစ်တွင် တည်ထောင်ခဲ့သော ချွန်ကောင်ဘွဲ့ လွန် စီးပွားရေးပညာကျောင်း၌ တက်ရောက်ပြီး ၂၀၀၆ ခုနှစ်တွင် ဘွဲ့ရရှိသည်။

တရုတ်ကုမ္ပဏီများအတွက် ဝက်ဘ်ဆိုက်ထူထောင်ရာတွင် အမေရိကန်နိုင်ငံရှိ သူငယ်ချင်းများ၏ အကူအ ညီကို ရယူခဲ့သည်။ ပထမဦးဆုံး ဖုန်းလိုင်းနှင့် ချိတ်ဆက်အသုံးပြုချိန်တွင် စာမျက်နှာတစ်ဝက်ရရန် သုံးနာ ရီခွဲကြာ စောင့်ဆိုင်းခဲ့ရသည်ဟု ဂျက်မားက ပြန်လည်ပြောပြသည်။

ဂျက်မားသည် ၁၉၉၅ ခုနှစ်တွင် China Yellowpages ကို စတင်ထူထောင်ခဲ့ပြီး တရုတ်နိုင်ငံ၏ ပထမဆုံး အင်တာနက်အခြေခံ စီးပွားရေးလုပ်ငန်းဟု ယုံကြည်ရသည်။ ၁၉၉၈-၉၉ တွင် တရုတ်နိုင်ငံတကာကုန် သွယ်ရေးစင်တာက ထူထောင်ထားသော အိုင်တီကုမ္ပဏီကို ဦးဆောင်ခဲ့သည်။

ဂျက်မားသည် အလီဘာဘာကုမ္ပဏီကို ၁၉၉၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ တရုတ်နိုင်ငံတွင် အခြေစိုက်၍ စီးပွားရေးလုပ်ငန်းများ အချင်းချင်း ချိတ်ဆက်ရေး ဈေးကွက်နေရာ ဝက်ဘ်ဆိုက်မှာ ယခုအ ခါ နိုင်ငံပေါင်း ၂၄၀ ကျော်မှ အဖွဲ့ဝင် ၇၉ သန်းကို ဝန်ဆောင်မှုပေးနေသည်။ Alibaba အုပ်စုက အများပြည် သူသို့ ပထမဆုံးရှယ်ယာများ ထုတ်ရောင်း၍ ကန်ဒေါ်လာ ၂၀ ဘီလီယံ ရှာဖွေမည်ဟု ၂၀၁၄ စက်တင်ဘာ လတွင် ကြေညာခဲ့သည်။

ယခုအခါ ကုမ္ပဏီခွဲကိုးခုရှိနေသော Alibaba Group ၏ အမှုဆောင်ဥက္ကဋ္ဌအဖြစ် ဂျက်မားက တာဝန်ယူ ထားသည်။

ဂျက်မားသည် ၎င်း၏ အောင်မြင်မှုအတွက် ချီးကျူးဂုဏ်ပြုဆု အများအပြားရရှိခဲ့ပြီး ယင်းတွင် ၂၀၀၅ ခုနှစ်က ကမ္ဘာလုံးဆိုင်ရာ လူငယ်ခေါင်းဆောင်ဆုမှ ဟောင်ကောင်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ ဂုဏ်ထူးဆောင်
ဒေါက်တာဘွဲ့ ရရှိခြင်းအထိ ပါဝင်သည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စိတ်အားထက်သန်သူ ဂျက် မားသည် ငါးမန်းတောင်ဟင်းချိုကို မစားသုံးတော့ဟု ၂၀၀၇ ခုနှစ်ကပင် ကြေညာခဲ့ပြီး အလီဘာဘာအုပ် စုဝင်ငွေ၏ ၀ ဒသမ ၃ ရာခိုင်နှုန်းကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်ရာတွင် အသုံးပြုမည် ဟု ၂၀၁၀ ပြည့်နှစ် Alibaba ရှယ်ယာရှင်များနှင့် အထွေထွေအစည်းအဝေး၌ ကြေညာခဲ့သည်။

ဂျက်မားသည် ဇနီးသည် ဇန်ယင်းနှင့် သားတစ်ဦး၊ သမီးတစ်ဦး ထွန်းကားခဲ့သည်။ ဂျက်မားသည် ယခုအခါ ကန်ဒေါ်လာ ၂၀ ဘီလီယံကျော် ချမ်းသာကြွယ်ဝနေပြီး တရုတ်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဟု သတ်မှတ် ခံထားရသည်။

7day

မှတ်ချက်များ