တောင်ကြီးဗုံးပေါက်ကွဲမှုနှင့်အကြမ်းဖက်မည်ဟု ၀န်ခံထားခြင်းများ ဆက်စပ်မှုရှိ၊ မရှိ စုံစမ်းနေ
တောင်ကြီးမြို့ ဗုံးသုံး လုံးဆက်တိုက်ပေါက်ကွဲမှုများနှင့် အကြမ်းဖက်ဖောက်ခွဲမှုများ ပြု လုပ်မည်ဟု ၀န်ခံ ထားသည့် တောင်ကြီးမြို့မှ ဖမ်းဆီးခံထားရ သူ ၂၀ ဦးတို့ ဆက်စပ်မှုရှိ၊ မရှိစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ
ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ်မှ သတင်းရရှိသည်။
ပြီးခဲ့သည့် လအတွင်းက အ ကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက် သွယ်မှုဖြင့် တောင်ကြီးမြို့တွင် လူ၂၀ ဦးကို ဖမ်းဆီးမိခဲ့ပြီး ၎င်းတို့က လည်း အကြမ်းဖက်ဖောက်ခွဲမှု များပြုလုပ်ရန် ကြံစည်ထားသည် ဟု မြန်မာနိုင်ငံရဲ တပ်ဖွဲ့ထံ ၀န်ခံ ထားသည်။ ၎င်းတို့ကို အောက်တို ဘာ ၃ ရက်က တောင်ကြီးခရိုင် တရားရုံး၌ ရုံးထုတ်ခဲ့ ပြီး
နောက်တစ်ရက် အောက်တိုဘာ ၄ တွင် တောင်ကြီးမြို့ သုံးနေရာ၌ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။
‘‘ဒီပေါက်ကွဲမှုဟာ ပြည်တွင်းအဖွဲ့တွေနဲ့ ချိတ်ဆက်မှုရှိ၊ မရှိ တခြားအဖွဲ့လား၊ တခြားပုဂ္ဂိုလ် တွေလားဆိုတာ ကိုလည်း Verify လုပ်ရမယ်။ အခုဖမ်းမိထားတဲ့ လူ ၂၀ နဲ့လည်း ဆက်စပ်မှုရှိ၊ မရှိ ဖော်ထုတ်ရမယ်။ တ ကယ်လို့ ဒီလူတွေရဲ့ ကွန်ရက်ကပဲဆိုရင် ဖောက်ခွဲ မှုတရားခံကိုလည်း ဆက်ဖော် ထုတ်မှာဖြစ်သလို လက်ရှိ ဖမ်းမိ ထားသူများကိုလည်း တည်ဆဲဥပ ဒေပုဒ်မများနဲ့ အရေးယူသွားရမှာ ဖြစ်တယ်’’ဟု မြန်မာနိုင်ငံရဲတပ် ဖွဲ့ဌာနချုပ်မှ ရဲမှူးချုပ်တစ်ဦးက ပြောကြားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ လုံခြုံရေးအဆင့်ကို ပုံမှန်နှင့် အ၀ါ ရောင်ကြားအဆင့် သတ်မှတ်ထား ပြီး အစ္စလာမ်မစ်နိုင်ငံတော် IS တွင်းသို့ ပူးပေါင်းသွားသည့် နိုင်ငံ ခြားသားအကြမ်းဖက်သမား ၇၈၁ ဦး စာရင်း တွင် မြန်မာပြည်တွင်း မှအကြမ်းဖက်သမားများပါဝင်မှုရှိ၊ မရှိဖော်ထုတ်နေကြောင်း ၎င်းက ပြောကြားသည်။
‘‘တောင်ကြီးမှာပဲ အကြမ်း ဖက်အဖွဲ့ သံသယရှိသူတွေကို မိ တယ်။ တောင်ကြီးမှာပဲ ဗုံးက ပေါက်တယ် ဆိုတော့ ဆက်စပ် တွေးစရာတော့ ရှိတယ်။ ဒါပေမဲ့ ခိုင်မာတဲ့သက်သေတော့ ရဲလုပ် ငန်းအရ ပြရမှာပေါ့။ အကြမ်းဖက်သမားဆိုတာကလည်း ချိုပေါက် နေတာမဟုတ်တော့ တော်တော် လေးတော့ ခက်တယ်။ အခု ရခိုင်ဘက်မှာလည်း လုံခြုံရေးကို မြှင့် ထားတယ်။ တခြားဒေသတွေမှာ လည်း လုံခြုံရေးအဆင့် ၅ ဆင့်မှာအ ၀ါရောင်အဆင့်ကို သတ်မှတ်ထားတယ်’’ဟု ၎င်းက ပြောသည်။
mizzima

မှတ်ချက်များ