နီပေါတောင်တန်းဒေသ၌ ဆီးနှင်းခဲပြိုကျ၊ တောင်တက်သမားများ အပါအဝင် ၁၂ဦး သေဆုံး


နီပေါနိုင်ငံ၏ တောင်တန်း ထူထပ်သော မြောက်ပိုင်းဒေသ၌ ဆီးနှင်းခဲ ပြိုကျမှုနှင့် နှင်းမုန်တိုင်း တိုက်ခတ် မှုများ ဖြစ်ပွားခဲ့ရာ နိုင်ငံခြားသား ခြေလျင် တောင်တက်သမားများ အပါအဝင် ၁၂ဦး သေဆုံးရကြောင်း တာဝန်ရှိ သူများက အောက်တိုဘာ ၁၅ ရက်တွင် ပြောကြားကြသည်။

ဖူးအမည်ရှိ တောင်တန်းဒေသ၌ ဆီးနှင်း ခဲပြိုကျမှုကြောင့် ကနေဒါတောင်တက်သူ လေးဦးနှင့် အိန္ဒိယ
တောင်တက်သူတစ်ဦးတို့ သေဆုံးခဲ့ရကြောင်း ဖာနန်းခရိုင် အုပ်ချုပ် ရေးမှူး ဒေဗင်ခရာလမ်ဗီချန်းက ပြော ကြားသည်။

တောင်တက်သမားငါးဦးသည် ဆီးနှင်း ခဲများ အောက်သို့ ကျရောက်သွားခဲ့ရာ ၎င်း တို့၏ အလောင်းများကို တူးဖော်ရှာဖွေနိုင်ရန် ရက်အတန်ကြာမျှ အချိန်ယူရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဖာနန်းခရိုင်မှာပင် ဆီးနှင်းခဲပြိုကျမှု ကြောင့် ရွာသူရွာသားသုံးဦး သေဆုံးခဲ့ရသည်။

၎င်းတို့၏ ရုပ်အလောင်းများကို အောက်တိုဘာ ၁၅ရက်တွင် ရှာဖွေတွေ့ရှိခဲ့သည်။

အဆိုပါ ခရိုင်သည် မြို့တော်ခတ္တမန္ဒူ၏ အနောက် မြောက်ဘက် ကီလိုမီတာ ၁၆ဝ (မိုင် ၁ဝဝ)ခန့်အကွာအ
ဝေးတွင် တည်ရှိသည်။

ဖာနန်းခရိုင်အနီးရှိ မူစာတန်းခရိုင်တွင် နှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် အောက်တိုဘာ ၁၄ ရက်က တောင် တက်သမားလေးဦး သေဆုံးခဲ့ရကြောင်း၊ သေဆုံးသူအစ္စရေးတစ်ဦး နှင့် နီပေါတစ်ဦးတို့၏ ရုပ်အလောင်း များကို သိုရွန်လာတောင်ကြားဒေသ၌ ကယ်ဆယ်ရေး အဖွဲ့က ရှာဖွေတွေ့ရှိရကြောင်း တာဝန်ရှိသူများက
ပြောကြားသည်။

ရိုက်တာ | The Mirror Daily

မှတ်ချက်များ