ခေါင်းဖြတ်သတ်ခံရသူ ၃ ဦးအတွက် အောက်မေ့ဖွယ်အခမ်းအနားများပြုလုပ်
အစ္စလာမ်နိုင်ငံတော်အမည်ခံ အိုင်အက်စ် စစ်သွေးကြွအဖွဲ့က ပြန်ပေးဆွဲ ခေါင်းဖြတ်သတ် ခံလိုက်ရတဲ့သူ ၃ ဦးအတွက် အောက်မေ့ ဖွယ်အခမ်းအနားတွေ အောက်တိုဘာ ၁၈ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။
စက်တင်ဘာလ လယ်ပိုင်းက အသတ်ခံခဲ့ရတဲ့ အကူအညီပေးရေး လုပ်သား စကော့လူမျိုး ဒေးဗစ် ဟိန်းစ် David Haines အတွက် အောက်မေ့ ဖွယ် အခမ်းအနားကို စကော့တလန်နယ် ပါသ်မြို့က ခရစ်ယာန် ဘုရားကျောင်းတခုမှာ ကျင်းပပြီး သူ့ရဲ့ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေ တက်ရောက်ကြပါတယ်။
ဒေးဗစ်ဟိန်းစ်လိုပဲ အသတ်ခံရတဲ့ အေလန် ဟန်းနေး (Alan Henning) ရဲ့ ဇနီးလည်း အခမ်းအနားကို တက် ပါတယ်။
ဒေးဗစ်ဟိန်းစ်ရဲ့ ညီအစ်ကိုဖြစ်သူ မိုက် ဟိန်းစ် Mike Haines က ဘာသာမခွဲ၊ လူမျိုးမခွဲဘဲ လူသားချင်းစာ နာမှု အကူအညီပေးရေးလုပ်ငန်းတွေကို လုပ်ကိုင်ရင်းနဲ့ အသတ်ခံရသူ နှစ်ယောက်စလုံးအတွက် အောက်
မေ့ဖွယ် အခမ်းအနားဖြစ်တယ်လို့ ပြောပါတယ်။
ကလေးနှစ်ယောက်ရဲ့ ဖခင် အသက် ၄၄ နှစ်အရွယ် ဒေးဗစ်ဟိန်းစ်ဟာ ပြင်သစ်အကူအညီပေးရေးအဖွဲ့ ACTED အက်တစ်အတွက် အလုပ်လုပ်ပေးနေစဉ် ၂၀၁၃ ခုနှစ်က ဆီရီးယား မြေပေါ်မှာ အဖမ်းခံခဲ့ရတာပါ။
အိုက်အက်စ် စစ်သွေးကြွတွေက သူ့ကို ခေါင်းဖြတ်သတ်ဖြတ်တဲ့ ဗွီဒီယိုကို အင်တာနက်တင်ခဲ့ပြီး ရက် သတ္တပတ်အနည်းငယ်အတွင်းမှာပဲ အကူအညီပေးရေးယာဉ်ကို မောင်းတဲ့ အသက် ၄၇ နှစ်အရွယ် ဟန်နေး ကို သတ်ဖြတ်တဲ့ပုံ အင်တာနက်ပေါ် ရောက်လာပြန်ပါတယ်။ ဒုတိယ အသတ်ခံရတဲ့ ဟန်နေးကတော့ အင်္ဂ လန်မြောက်ပိုင်း Salford မြို့က ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ဒီဇင်ဘာက ဆီရီးယား နိုင်ငံ အနောက်မြောက်ဒေသက ဆေးရုံအတွက် ဆေးပစ္စည်းတွေကို တင်ထားတဲ့ ကားကို မောင်းပေးရင်းနဲ့ လမ်းမှာ အဖမ်းခံရတာဖြစ်ပါတယ်။
အလားတူ အစ္စလာမ် နိုင်ငံတော် အမည်ခံအဖွဲ့ရဲ့ သတ်ဖြတ်တာ ခံခဲ့ရတဲ့ အမေရိကန် သတင်းထောက် ဂျိမ်းဖောလီ James Foley အတွက် အောက်မေ့ ဖွယ် အခမ်းအနားတခုကို လည်း သူ့ဇာတိမြေဖြစ် တဲ့ ရော ချက်စတာမြို့ (Rochester) က ဘုရားရှိခိုးကျောင်းမှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။
ဂျိမ်းဖောလီ ရဲ့ အသက် ၄၁ နှစ် ပြည့် မွေးနေ့နဲ့ တိုက်ဆိုင်ပြုလုပ်တာဖြစ်ပြီး ဆွေမျိုး ရောင်းရင်းတွေ တက်
ရောက်ကြပါတယ်။
အိုက်အက်စ်အဖွဲ့က အလွတ်သတင်းထောက် ဖောလီကို ဆီရီးယားမှာ ဖမ်းပြီး သူ့ကို ခေါင်းဖြတ်တဲ့ ဗွီဒီယိုကို သြဂုတ်လမှာ အင်တာနက်ပေါ် တင်ခဲ့ပါတယ်။
အီရတ်မှာ အမေရိကန်ရဲ့ လေကြောင်း ထိုးစစ်ကို လက်စားချေတဲ့အနေနဲ့ အမေရီကန် သတင်းထောက်ကို ကွပ်မျက်တာလို့ ဆိုပါတယ်။
ဖောလီရဲ့ ညီဖြစ်သူက သူ့အစ်ကို အသတ်ခံရတဲ့ ကိစ္စကို ဘယ်လိုမှ နားမလည်နိုင်အောင် ဖြစ်နေတုန်းပဲ လို့ ပြောပါတယ်။
အိုင်အက်အဖွဲ့က ဖောလီနဲ့ နောက်ထပ် အမေရိကန် သတင်းထောက် Steven Sotloff တို့ကို ကွပ်မြတ်ခဲ့တဲ့ ကိစ္စဟာ အမေရိကန် အီရတ်နဲ့ ဆီရီးယားမှာ လေကြောင်း ထိုးစစ်ဆင်ဖို့ ဖြစ်လာစေတဲ့ အကြောင်းရင်းတွေ ထဲက တခု ဖြစ်ခဲ့ပါတယ်။
DVB

မှတ်ချက်များ