လိပ်ကျွန်းလူသတ်မှု၏ သံသယတရားခံ မြန်မာရွှေ့
ပြောင်းအလုပ် သမား နှစ်ဦးအား နေစရာနှင့်အလုပ်
ပေးခဲ့သည့် အလုပ်ရှင်များကို တရားစွဲဆိုရန် ထိုင်း အလုပ်သမားဝန်ကြီးကညွှန်ကြားလိုက်ကြောင်း
ThaiPBS ၏ ထုတ်လွှင့်မှုအရ သိရသည်။
ရွှေ့ပြောင်းအလုပ်သမားများကို မှတ်ပုံတင်မှု အမြန် ပြီးစီးရေးကိုလည်း ထိုင်းအလုပ်သမားဝန်ကြီး ဆူရာ ဆက်ခ် ကန်ချနာရတ်က တက်သုတ်နှင်နေသည်ဟု
အောက်တိုဘာ ၁၈ ၇က် ထိုင်းအခြေစိုက်သတင်းက ဆိုသည်။
ယင်းမစ်ရှင်အတွင်းမှာပင် ခိုတောင်ကျွန်း၌ ဗြိတိန်
နိုင်ငံသား ခရီးသည်နှစ်ဦး အသတ်ခံရမှုအတွက် စွပ်စွဲခံ ထားရသော မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးအား နေစရာနှင့် အလုပ် အရိပ်အာဝါသပေးခဲ့သူ အ လုပ်ရှင် များကို တရားစွဲဆိုရေး အလုပ်သမားဝန်ကြီးက အမိန့်ပေးခဲ့သည်။
‘‘သူက အဲဒီလိုပြောခဲ့တယ်။ အဲဒီကျွန်းတွေမှာ ရွှေ့ပြောင်းအလုပ်သမားပေါင်း တစ်သောင်းလောက်ရှိနေ တာမို့လို့ (သူပြောလိုက်တာက) သိပ်ထူးဆန်းတယ်။ တန်းတူညီမျှရေးအတွက်ဆိုရင် နှစ်ယောက်တည်းမ ဟုတ်ဘဲ အားလုံးကို တရားစွဲသင့်တယ်’’ ဟု ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) အကြံပေး Andy Hall က ပြောသည်။
ကျွန်းများပေါ်သို့ ရွှေ့ပြောင်းအလုပ်သမားများ မှတ်ပုံတင်ခြင်းကို စစ်ဆေးရန်အတွက် ထိုင်းအလုပ်သမား ၀န်ကြီးဌာန၏ အလုပ်အဖွဲ့သည် အောက်တိုဘာ ၁၇ ရက်ကတည်းက ဆောင်ရွက်နေပြီဖြစ်သည်။
ရွှေ့ပြောင်းအလုပ်သမားများ မှတ်ပုံတင်ခြင်းကို ယခုလကုန်တွင် အပြီးသတ်ရေးအတွက် ထိုင်းအာဏာပိုင် များက အရှိန်မြှင့် လုပ်ကိုင်နေကြပြီဟု ဆိုသည်။
‘‘မြန်မာအလုပ်သမားတွေကို ဘာသက်ရောက်မှုမှ မရှိနိုင်ဘူး။ ၀န်ကြီးနဲ့ ထိုင်းအစိုးရရဲ့ မဆင်မခြင်တုံ့ပြန်မှု
တွေကို ရင်ဆိုင်ရုံပဲ။ ဒီထိုင်းနိုင်ငံမှာ သူတို့ (မြန်ရွှေ့ပြောင်းလုပ်သားတွေ) အတွက် အလုပ်တွေအများကြီး ရှိတယ်’’ ဟု မစ္စတာအန်ဒီဟောလ်က ဆိုသည်။
ထိုင်းအလုပ်သမားရေးရာ ဘုတ်အဖွဲ့၏ ခန့်မှန်းမှုအရ ထိုင်းပင်လယ်ကွေ့ရှိ Koh Phangan နှင့် ခိုတောင် ကျွန်းတွင် တရားဝင်မှတ်ပုံတင် မထားသည့် ရွှေ့ပြောင်းအလုပ်သမားပေါင်း ၁၀,၀၀၀ နီးပါး ရှိသည်။ ခိုတောင်ကျွန်း တစ်ကျွန်းတည်း၌ပင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃,၀၀၀ ၀န်းကျင်ရှိသည်ဟု ဆိုသည်။
ထိုင်းနိုင်ငံထုတ် သည်နေးရှင်းသတင်းစာကြီး၏ အယ်ဒီတာ့အာဘော်ပါစစ်တမ်းအရ ခိုတောင်ကျွန်းတွင်
ရွှေ့ပြောင်းအလုပ်သမား ၅,၀၀၀ ခန့်ရှိသည့်အနက် ၂,၀၀၀ ခန့်မှာ ခွင့်ပြုချက် မည်မည်ရရ မရှိဘဲ တရားမ ၀င်လုပ်ကိုင်နေကြသည်။
ဒေသအကြီးအကဲ၏ အဆိုအရ ကျွန်းပေါ်တွင် အလုပ်လုပ်ကိုင်ရန် စာရင်းသွင်းခဲ့သည့် ရွှေ့ပြောင်းအလုပ်သ မား ၃,၃၀၀ ခန့်ရှိပြီး အများစုမှာ မြန်မာများဖြစ်သည်။
7day

မှတ်ချက်များ