ရန်ကုန်မြို့လယ်တွင် ၁၂ ပေနက်သော မြေကျွံမှုဖြစ်ပွား

မြေကျွံကျပြီးနောက် ဖြစ်ပေါ်လာသော ကျင်းပေါ်တွင် ပိုက်လုံးများချထားပြီး မြေပြန်ဖို့ရန်ပြင်ဆင်နေစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ပန်းဘဲတန်းမြို့နယ် ၃၂ လမ်းထိပ်ရှိ ရေမြောင်းအနီးတွင် ရေတိုက်စားရာမှ မြေကျွံကျမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၆ ရက် ညနေ ၄ နာရီက ၃၂ လမ်းထိပ်ရှိရေမြောင်းသည် ရေတိုက်စားရာ မှအလျား ၈ ပေ၊ အနံ ၅ ပေ၊ အနက် ၁၂ ပေခန့်ရှိသော မြေကျွံကျမှုတစ်ခု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

‘‘ဆောက်လုပ်ရေး လုပ်ငန်း ခွင်ထဲက ရေတွေ၊ သဲတွေ၊ မြောင်းထဲပစ်နေကြတာ စွန့်ပစ်ရေတွေများပြီး အခု လို မြေကျွံတာ ဖြစ်နိုင်တယ်’’ဟု ၃၂ လမ်းတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

မြေကျွံကျမှုဖြစ်ပွားနေသော နေရာ၏ ဘေးတွင် နိုင်ဂရု (ပ)ဆောက်လုပ်ရေး လုပ်ငန်းခွင်၏ ကွန်ဒိုစီမံကိန်း တစ်ခုရှိပြီး ၃၂ လမ်းအပေါ် ဘလောက်တွင်လည်း ရွှေတောင်ကုမ္ပဏီက ရှန်ဂရီလာ ဟိုတယ်၏ ဒုတိ ယမြောက်စီမံကိန်းတည်ဆောက်လျက်ရှိသည်။

ယင်းဖြစ်စဉ်မှာ ရေစီးဆင်း ရာတွင် အမှိုက်များဆို့နေခြင်း၊ သဲနုန်းပို့ချမှုများပြားခြင်း၊ မြေသားလွန်စွာ
ပျော့ပျောင်းနေခြင်းတို့ကြောင့် ယခုကဲ့သို့ ဖြစ်ပွားရသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

အများစု ပြောဆိုနေသည့် အတိုင်း တစ်ဖက်ဆောက်လုပ် ရေးလုပ်ငန်းခွင်တွင် မြေတူးဖော် နေခြင်းဟု ထင်ကြေးပေး ပြောဆိုနေကြသည်မှာ မဟုတ်မှန် ကြောင်း အထက်ပါ တာဝန်ရှိသူ က ရှင်းပြသည်။

အဆိုပါ မြေကျွံကျမှုကြောင့် လမ်းဘေး ပလက်ဖောင်းတွင် ရောင်းချနေသည့် စာရေးကိရိယာ ဆိုင်တန်းများ ကို လတ်တလော ဖယ်ရှားထားကြောင်း သိရသည်။

ကျွံကျသွားသော နေရာကို လမ်းသားမြေဖို့ခြင်း၊ ပြန်လည် တိုင်းတာခြင်းနှင့် ၃၂ လမ်း အ တွင်းရှိ ရေစီးဆင်း မှုများနေသည့် အချို့နေရာများကို မြေသားခိုင်ခံ့မှုများ ရှိ၊ မရှိ သက်ဆိုင်ရာက ဆက်လက်စစ်ဆေးသွား မည်ဖြစ်ကြောင်း သိရသည်။

7day

မှတ်ချက်များ