ဓာတ်ပုံ ခိုးယူပြီး အွန်လိုင်းပေါ်တင်မှု လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုဖြစ်ဟု ဂျနီဖာပြော


သူရဲ့ကိုယ်ရေးကိုယ်တာ ဓာတ်ပုံတွေကို ဖောက်ထွင်းခိုးယူပြီး အွန်လိုင်းပေါ် အမှုဟာ လိင်ပိုင်းဆိုင်ရာ ရာဇ ၀တ်မှု မြောက်တယ်လို့ အော်စကာ ဆုရှင် ဂျနီဖာ လော့ရင့်က ပြောပါတယ်။

တခြား ရုပ်ရှင်မင်းသမီးတွေ၊ မော်ဒယ်တွေ၊ ထင်ပေါ်ကျော်ကြားသူတွေလိုပဲ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံတွေ
ဖော်ထွင်း ခိုးယူတာ ခံရပြီးနောက်မှာ ပထမဆုံးအနေနဲ့ ဟမ်းဂါးဂိမ်း ဇာတ်လမ်းတွဲနဲ့ နာမည်ကျော်လာတဲ့ မင်းသမီးက ပြောဆိုလိုက်တာပါ၊

ဒိကိစ္စအတွက် သူမျက်ရည်ကျခဲ့ရသလို၊ ဒေါသလည်း ထွက်ခဲ့ရတယ်လို့ ပြောပါတယ်။ ဒီအမှုကို FBI ကလည်း ကိုင်တွယ်နေတယ်လို့ ပြောပါတယ်။

Apple ကုမ္ပဏီကလည်း ထင်ပေါ် ကျော်ကြားသူတွေရဲ့ အကောင့်တွေ ဖောက်ထွင်းခံခဲ့ရတယ်ဆိုတာကို ၀န်ခံခဲ့ပါတယ်။

DVB

မှတ်ချက်များ