မိန်းကလေးတွေ သတိထားရအောင်


ရှေ့ရက်က အင်တာနက်ပေါ်ဖတ်မိတာလေးပေါ့... မိန်းကလေးတွေ သတိထားရအောင် ဖတ်မိတာလေး ပြန် မျှဝေပါတယ်။

ဂွမ်းကပ်တွေက မိန်းကလေးတွေနဲ့ ခွဲလို့မရတဲ့အရာတွေထဲမှာ တစ်ခုအပါအဝင်ပေါ့။ တစ်လတစ်ခါ သုံး သုံးနေရတာကိုး။ ထိုင်ဝမ်ကနာမည်ကြီးတံဆိပ်တစ်ခုက ဂွမ်းကပ်ပေါ်မှာ ပိုးတွေ့တယ်လို့ သတင်းမှာဖော်ပြခဲ့ ဖူးပါတယ်။ တံဆိပ်တွေနဲ့ဖော်ပြပေမယ့် ကျွန်မတို့က ကိုယ်သုံးမယ့် ဘယ်ဂွမ်းကပ်ကိုမဆို မသုံးခင် အရင်စစ် ကြည့်ဖို့ လိုပါလိမ့်မယ်။

တချို့ဂွမ်းကပ်က ဒိတ်ကုန်နေတာနဲ့၊ တချို့က ဂွမ်းကပ်ထဲမှာ အမည်းကွက်တွေနဲ့ မှိုတက်နေသလိုပေါ့။
မြန်မာပြည်ကဆိုရင် ဒိတ်ပါမပါ မပြောတတ်တော့ အဲဒီဂွမ်းကပ်က ဆိုင်ပေါ်ရောက်တာ ဘယ်လောက်ကြာ ပြီမှန်း ကျွန်မတို့ မသိနိုင်တာမို့ မသုံးခင် အရင်စစ်ဆေးကြည့်တာက အကောင်းဆုံးပါ။

တချို့ကလည်း နာမည်ကြီးတံဆိပ်ကို ဆင်တူယိုးမှားတုပတာမျိုး ရှိနိုင်တော့ ငွေရဖို့အရေး ဖြစ်သ လိုလုပ် တာတွေလည်းရှိနိုင်တာပေါ့.. အထူးသဖြင့် တရုတ်ထုတ်တွေ။ အောက်ကလင့်ထဲမှာတော့ တရုတ်က ကျန်း မာရေးနဲ့မညီညွှတ်တဲ့ ဂွမ်းကပ်တွေကို စစ်ဆေးပြီး မီးရှို့ဖျက်ဆီးခဲ့တာတွေပါ။ လုပ်တဲ့စက်ရုံကလည်း ကျန်း မာရေး၊ ဥပဒေနဲ့မညီညွှတ်ပါဘူး...။

မိန်းကလေးသုံးဂွမ်းကပ်တင်မက ကလေးတွေသုံးတဲ့ ဂွမ်းကပ်တွေပါ မသုံးခင်အရင်စစ်ဆေးကြည့် သင့် တယ်လို့ ကျွန်မထင်ပါတယ်။ မတော်တဆ ဒိတ်လွန်ဂွမ်းကပ်တွေသုံးမိပြီး အထဲမှာ ပိုးပါတာ၊ မှိုတက်တာ ဆိုရင် မကောင်းဘူးပေါ့... ရေးနေရင်းနဲ့တောင် ကိုယ်ကျိန်းတယ်။
မူရင်းလင့် - http://www.aiweibang.com/yuedu/2177769.html

နိုင်းနိုင်းစနေ

မှတ်ချက်များ