အမေရိကန်ဦးဆောင်သော မဟာမိတ်ဂျက်လေယာဉ်များ အိုင်အက်စ်များကိုနှိမ်နှင်းရန် ကိုဘာနီမြို့ကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်
အိုင်ဆက်စ်စစ်သွေးကြွများက ရက်အတော်ကြာ အမြောက်များဖြင့် ပစ်ခတ်သောကြောင့် ကိုဘာနီမြို့ လယ် ၌ တုန်ဟည်းသွားသည်။ ထို့ပြင် ၎င်းတို့သည် တူရကီနိုင်ငံနယ်စပ်ဒေသများကိုလည်း တိုက်ခိုက်ခဲ့ကြသည်။
ဤကိစ္စများဖြစ်ပွားပြီးနောက် အမေရိကန်ဦးဆောင်သော မဟာမိတ်ဂျက်လေယာဉ်များသည် စနေနေ့က အိုင်အက်စ်စစ်သွေးကြွများ ဝိုင်းရံထားသော ကိုဘာနီမြို့ကို အနည်းဆုံးခြောက်ကြိမ် ဗုံးမိုးရွာချခဲ့ကြသည်။
ကိုဘာနီမြို့လယ်ကိုတိုက်ခိုက်ပြီးနောက် အမြောက်များဖြင့် ဆက်လက်တိုက်ခိုက်ခဲ့သည့်အပြင် နယ်စပ် ဂိတ် နှင့်နီးကပ်သော တူရကီနိုင်ငံသို့ ကျည်များကျရောက်ခဲ့ကြောင်း မျက်မြင်သက်သေများ၏ ပြောစကား အရ သိရသည်။
မဟာမိတ်တပ်များသည် သြဂုတ်လကတည်းက အီရတ်နိုင်ငံရှိ အိုင်အက်စ်စစ်သွေးကြွများကို ဗုံးများအ ဆက်မပြတ်ကြဲချခဲ့သည်။ နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သောတူရကီသည် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများ၏ အတိုင်းအတာတစ်ခုအထိ မျက်ကွယ်ပြုခြင်းကို ခံနေရသည်၂ဝ၁၁ ခုနှစ် မတ်လကတည်းက ဖြစ်ပွားခဲ့သော အရပ်သား ၂ဝဝဝဝဝ သေဆုံးခဲ့သည့် ပြည်တွင်းစစ်ကို အဆုံးသတ်ရန်နှင့် အာဆတ်ကို ထိပ်တိုက်ရင်ဆိုင်ရန် ဖိအားပေးခြင်းခံနေရသည်။
စနေနေ့က အမေရိကန်ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ဆီးရီးယားရှိ အိုင်အက်စ်စစ်သွေးကြွများကို နှိမ် နင်းရန် လေကြောင်းတိုက်ခိုက်မှုနှစ်ခု ဆင့်ကဲပြုလုပ်ခဲ့ရာ အရပ်သား ၁ဝ ဦး သေဆုံးခဲ့ကြောင်း ဗြိတိန်အခြေ စိုက်ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောခဲ့သည်။
သို့သော် အမေရိကန်စစ်ဌာနချုပ်က အစီရင်ခံစာကို ထောက်ခံရန် မည်သည့်သက်သေအထောက်အထား မျှမရှိဟုပြောခဲ့သည်။ ၎င်း၏တပ်ဖွဲ့များသည် အရပ်သားသေဆုံးမှုကို လျော့နည်းစေရန်အလို့ငှာ အင်အား အ နည်းငယ်သာသုံးခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။
ရိုက်တာ | Myanmaalinn

မှတ်ချက်များ