![]() |
| ခုချိန်ထိ သေဆုံးသူ ၂၉ ဦး ရှိပြီ |
သေဆုံးခဲ့တဲ့တောင်ကြား နေရာကို နီပေါ ကယ် ဆယ်ရေး အဖွဲ့တွေ အရောက် သွားနိုင်ခဲ့ကြပြီး လူ ၄၀ ကျော်ကို ထပ်မံ ကယ်ထုတ် နိုင်ခဲ့ပါတယ်။
အဲဒီ လူတွေထဲက တချို့က အခြေအနေ စိုးရိမ်ရ
ပြီး ဒေသန္တရ ကျန်းမာရေး စခန်းတခုမှာ ဆေးကုသမှု ခံနေကြပါတယ်။
နှင်းမုန်တိုင်းနဲ့ ရေခဲတောင် ပြိုကျမှုတွေ ဖြစ်ပွားခဲ့ချိန်မှာ အဲဒီ နေရာမှာ တောင်တက်သမားတွေနဲ့ ပြည့် နှက်နေပြီး နီပေါလူမျိုးနဲ့ နိုင်ငံခြားသားတွေ စုစုပေါင်း ၂၉ သေဆုံးခဲ့ကြောင်း အတည်ပြု သိရပါတယ်။
နှင်းမုန်တိုင်း ကျခဲ့ချိန်မှာ သေလုမတတ် အေးခဲသွားခဲ့ပြီး ဘာမှ မမြင်ရတော့ပဲ စမ်းတဝါးဝါးနဲ့ ရှေ့ကို
လျှောက် ခဲ့ ရကြကြောင်းနဲ့ အထမ်းသမားတွေဟာ သင့်တော်တဲ့ အဝတ်တွေ ဖိနပ်တွေကို ဝတ်ဆင် ထားတာမျိုး မရှိကြောင်း အသက်ရှင် လွတ်မြောက်လာသူတွေက ပြန်ပြောပြပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

မှတ်ချက်များ