![]() |
| သြစတြေးလျနိုင်ငံမှာ မွေးဖွားသူ ၁၁ လသား အရွယ် Ferouz Myuddin |
ရိုဟင်ဂျာ ဇနီးမောင်နှံ နှစ်ဦးဟာ သြစတြေးလျနိုင်ငံမှာ ခိုလှုံခွင့်ရဖို့ လှေနဲ့ ရောက်ရှိလာတဲ့အတွက် Nauru ကျွန်းက လူဝင်မှု ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်း ခံနေရပါတယ်။
ဒါပေမဲ့ ကိုယ်ဝန်ရှိပြီးနောက် ကျန်းမာရေးအခြေအနေကြောင့် ကလေးကို သြစတြေးလျနိုင်ငံ Brisbane မြို့က Matar ဆေးရုံမှာ မွေးပေးခဲ့ရပါတယ်။
သြစတြေးလျနိုင်ငံ အတွင်း မွေးဖွားတဲ့ ကလေးငယ်ကို သြစတြေးလျမှာ နေထိုင်ခွင့်ပေးသင့်တယ်လို့ ရှေ့နေတွေက တောင်းဆိုထားပေမယ့် အစိုးရကတော့ လှေတွေနဲ့ ဝင်လာတဲ့လူကို တရားမဝင် ဝင်ရောက် လာသူတွေလို့သာ သတ်မှတ်ထားတာပါ။ ကလေးကို နေထိုင်ခွင့် ပေးဖို့ သင့်မသင့် ဆုံးဖြတ်ရာမှာ တရားရုံး က နေထိုင်ခွင့် မပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ရိုဟင်ဂျာ မိဘနှစ်ပါးကနေ မွေးလာတဲ့ ကလေးငယ်ကတော့ Ferouz Myuddin ဖြစ်ပြီး အခုအခါမှာ ၁၁ လသား အရွယ် ရောက်နေပါပြီ။
Ferouz Myuddin ကို သြစတြေးလျနိုင်ငံမှာ နေထိုင်ခွင့် မပေးတဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး တရားရုံးမှာ နောက်တဆင့် အယူခံဝင်သွားမယ်လို့ ရှေ့နေဖြစ်သူ Murray Watt က ပြောပါတယ်။
အယူခံဝင်နေတဲ့ ကာလအတွင်း ဒီမိသားစုကို သြစတြေးလျနိုင်ငံကနေ ထွက်ခွာခိုင်းတာတွေ မလုပ်ဖို့ လူ ဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကို တောင်းဆိုမှာဖြစ်ပြီး ဒီမိသားစုအနေနဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ်အ ယူခံဝင်ခွင့်ရှိသင့်တယ်လို့ ယူဆကြောင်း ရှေ့နေက ပြောပါတယ်။
အစိုးရကတော့ ကလေးကို သြစတြေးလျမှာ နေထိုင်ခွင့် မပေးဖို့ တရားရုံးက ဆုံးဖြတ်တာကြောင့် ရိုဟင် ဂျာ မိသားစု တစ်ခုလုံးကို လူဝင်မှု ထိန်းသိမ်းရေးစခန်းကို ပြန်ပို့ဖို့ ကြိုးစားနေပမယ့် Green ပါတီကတော့ တရားရေးရာ ကိစ္စ မပြီးမချင်း သြစတြေးလျနိုင်ငံကနေ ထွက်ခွာခိုင်းတာတွေ မလုပ်ဖို့ အစိုးရကို တောင်းဆို ထားပါတယ်။
ABC Radio Australia

မှတ်ချက်များ