ဆီးရီးယား ကိုဘာနီမြို့ တောင်ကုန်းကို အိုင်အက်စ်အဖွဲ့ သိမ်းပိုက်


အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ (အိုင်အက်စ်) တိုက်ခိုက်ရေးသမားတွေဟာ ဆီရီးယားနယ်စပ်က ကိုဘာ နီမြို့ကို အပေါ်စီးကနေ မြင်နိုင်တဲ့ မဟာဗျူဟာမြောက် တောင်ကုန်းကို သိမ်းလိုက်ပါပြီးနောက် အောက်တို ဘာ ၆ ရက်နေ့က လူမှုကွန်ရက်မီဒီယာပေါ်ရောက်လာတဲ့ ဗွီဒီယိုမှာ အိုက်အက်စ်အဖွဲ့ဝင် တပ်သားတွေ ချီတက်နေပုံကို ရိုက်ကူးထားပါတယ်။

အမေရိကန်နဲ့ ပင်လယ်ကွေ့နိုင်ငံတွေက လေကြောင်းကနေ စစ်ဆင်နေပေမယ့် အိုင်အက်စ်တပ်တွေကို မတားဆီးနိုင်ပါဘူး။

အိုင်အက်စ်တပ်တွေ အခုလို ချီတက်နေတာကြောင့် ကိုဘာနီမြို့မှာနေတဲ့ ကာ့ဒ် လူမျိုးတွေဟာလည်း နယ်စပ်ကို ဖြတ်ပြီး တူရကီဘက်ကို ထွက်ပြေးသွားကြပါပြီ။

အိုက်အက်စ်တပ်တွေ မြို့ကို မသိမ်းနိုင်အောင် ကာ့ဒ်တပ်တွေက ခုခံနေပြီး ၃ ပတ်ကြာ တိုက်ပွဲအတွင်းမှာ လူအနည်းဆုံး ၄၀၀ သေဆုံးသွားပြီလို့ ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။

DVB


မှတ်ချက်များ