ဘီဘီစီသတင်းဝက်ဘ်ဆိုက် တရုတ်တွင် အပိတ်ခံရ


ဘီဘီစီ၏ သတင်းတင်ဆက်မှုများကို ထိန်းချုပ်ကန့်သတ်သည့်အနေဖြင့် ယခုကဲ့သို့ ပိတ်ပစ်လိုက်ခြင်း
ဖြစ်နိုင်ပြီး ယခုပြဿနာကို တရုတ်အစိုးရအာဏာပိုင်များထံ တိုင်ကြားထားသည်ဟု ဘီဘီစီ ကမ္ဘာ့ရေး ရာသတင်းဌာနမှုး ပီတာဟော့ရော့ခ်က ပြောကြားသည်။ အခြား နာမည်ကြီး သတင်းဝက်ဘ်ဆိုက်များ ပုံမှန်အတိုင်းရှိနေပြီး ဘီဘီစီဝက်ဘ်ဆိုက်တစ်ခုတည်းကိုသာ ယခုကဲ့သို ပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရ သည်။

တရုတ်တက်ကြွလှုပ်ရှားသူ ချန်ကျောင်ချန်း ၂၀၁၂ခုနှစ် ဧပြီလအတွင်းက နေအိမ်အကျယ်ချုပ်မှ လွတ်
မြောက်လာသည့် သတင်းကို ဘီဘီစီက ဖော်ပြခဲ့သည့်အချိန်မှစ၍ အင်္ဂလိပ်ဝက်ဘ်ဆိုက် ကို ဖြတ်တောက် ခံခဲ့ရပြီး၂၀၀၈ ခုနှစ် ပေကျင်းအိုလံပစ်ပွဲတော်ကာလမှစ၍ ဘီဘီစီ အင်္ဂလိပ်ပိုင်း ဝက်ဘ်ဆိုက် ကို ပြန်လည် ဖွင့်ပေးခဲ့သည်။

ထို့ပြင် BBC World TV ရုပ်သံထုတ်လွှင့် မှုများတွင်လည်း ကန့်သတ်မှုများ ကြုံတွေ့ခဲ့ရပြီး တရုတ်နိုင်ငံနှင့် ပတ်သက်သည့် သတင်းများ ထုတ်လွှင့် ချိန်တွင် လိုင်းပြတ် တောက်ပိတ်ခံရမှုများကို ကြုံတွေ့ နေရသည်။

“ကမ္ဘာတစ်လွှားက ပြည်သူသန်းပေါင်းများစွာအတွက် ဘီဘီစီက မျှတပြီးဘက်မလိုက်တဲ့ သတင်းတွေကို တင်ဆက်ပေးနေတာပါ။ ကျွန်တော်တို့ ရဲ့ သတင်းတင်ဆက်မှုကို ဖြတ်တောက်ဖို့ လုပ်ဆောင်ခြင်းက လူတွေ အနေနဲ့ မှန်ကန်တဲ့ သတင်းတွေရရှိဖို့ ဘယ်လောက်အထိ အရေးကြီး သလဲဆိုတာကို ပြသနေတာပါပဲ” ဟု
ဟော့ရော့ခ်ကပြောသည်။

ဘီဘီစီထုတ်လွှင့်မှုကို နောက်ဆုံး ကြားဖြတ်ဖြတ်တောက်ခံရမှုသည် သတင်းဖော်ပြခဲ့ချိန်ကဖြစ်သည်။

mizzima

မှတ်ချက်များ