ထိုင်းတောင်ပိုင်း က ကျွန် အရောင်းအဝယ်

လွတ်မြောက်လာပေမယ့် စိတ်ဒဏ်ရာတွေ ရှိနေဆဲ
ဘင်္ဂ္လားဒေရှ့် လူမျိုးတွေ ကို ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ကျွန် အဖြစ် ရောင်းစား ကုန်ကူး နေကြတဲ့ အထောက် အထား
တွေကို ဘီဘီစီ တွေ့ရှိလိုက်ရပါတယ်။

ဘီဘီစီ အရှေ့တောင်အာရှ သတင်းထောက်ဟာ ဘင်္ဂ္လားဒေ့ ရှ် လူမျိုး ၁၃၀ ကျော်ကို ထိုင်းတောင်ပိုင်း ဖန်းငခ ရိုင်အ တွင်းကမ်းရိုးတန်းတောအုပ် တခုထဲမှာ လှောင်ပိတ် ချုပ်နှောင်ထားတဲ့ နေရာတခု ကို အရောက်သွား နိုင်ခဲ့ပါ တယ်။

သူတို့ထဲက လွတ်မြောက်လာသူ အယောက် ၄၀ နဲ့ ၅၀ ကြားလောက်ရှိပြီး သူတို့တွေနဲ့ ဘီဘီစီ သတင်း
ထောက်က တွေ့ဆုံ မေးမြန်းတဲ့ အခါမှာ ဘင်္ဂ္လာဒေရှ့် ရှိ သူတို့ နေအိမ်တွေ ဆီ ကို အလုပ်သမား လိုက်ရှာနေ တယ် ဆိုတဲ့ လူတွေ ရောက်လာပုံ၊ နောက်ပြီး၊ အလုပ်ကောင်းကောင်း ရှာပေးမယ် လို့ ဖြားယောင်းခေါ်လို့
လှေနဲ့ပါလာပုံ၊ နောက်ပိုင်းမှာတော့ ကြိုးတွေ နဲ့တုတ်နှောင်ကာ အခုလို ကျွန်းတွေ ပေါ်အပို့ခံခဲ့ရကြောင်း
ပြောပြ ကြပါတယ်။

ကျွန်းပေါ်မှာလည်း အစာရေစာ မကျွေးပဲထားတာ ရိုက်နှက်ညှင်းဆဲတာ တွေ ခံခဲ့ရပြီး တောထဲက သစ် ရွက်တွေ စားကာ အသက်ရှင်သန်ခဲ့ကြရတယ် လို့ ပြန်လွတ်မြောက်လာတဲ့ သူတွေ ကပြောပါတယ်။

သူတို့ကို အများအားဖြင့် ငါးဖမ်းလှေ တွေ နဲ့ စိုက်ပျိုးခင်းတွေ မှာ ခိုင်းစေတဲ့သူတွေ ဆီ ရောင်းချ ဖို့ ခေါ်လာ တာ လို့ ခန့်မှန်းကြပါတယ်။

သူတို့တွေ ကို လူကုန်ကူးဂိုဏ်း က သူတွေ ကတောထဲမှာ နေရာရွှေ့ပြောင်းစဉ် ထိုင်းရွာသား တယောက် ကတွေ့လို့ သက်ဆိုင်ရာ ကို အကြောင်းကြားရာကနေ အခုလို ကယ်တင်နိုင်ခဲ့တာပါ။

အခု လူတချို့လွတ်မြောက်လာပေမယ့် ကျန်တဲ့သူတွေ က ဘယ်စခန်း ဘယ်နေရာဆီ ရောက်နေပြီလဲဆိုတာ ကို ထိုင်းရဲတွေ က စုံစမ်းနေကြဆဲပဲရှိပါတယ်။

ထိုင်းနိုင်ငံမှာ လူကုန်ကူးတဲ့လုပ်ငန်း က အစီအစဉ်တကျ လုပ်ဆောင်နေကြပြီး အစိုးရ က ထိရောက်တဲ့နှိမ် နှင်းမှုတွေ သေသေချာချာ မလုပ်ဖူးလို့ဝေဘန်မှုတွေ လည်း အများအပြားရှိနေပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မှတ်ချက်များ