မေမြတ်နိုး၏ ၁၆ နှစ်ပြည့် မွေးနေ့အလှူရုပ်ရှင်သက်ကြီးပူဇော်ပွဲ၌ လှူဒါန်း

Miss Asia Pacific World 2014 သရဖူ ရရှိခဲ့ဖူးသူမေ
မြတ်နိုးက သူမ၏ ၁၆ နှစ်ပြည့် မွေးနေ့အ လှူကိုအောက် တိုဘာ ၁၃ရက်တွင်ပြုလုပ်သော ရုပ်ရှင်သက်ကြီးပူဇော် ပွဲနေ့ နှင့်တိုက်ဆိုင်၍ယင်းပူဇော်ပွဲတွင်ပစ္စည်းထည့်ဝင် လှူဒါန်းမှုပြုခဲ့ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ၌ အောက်တိုဘာ ၁၃ ရက်က ပြုလုပ်သောအဆို ပါပွဲတွင်စံတော်ချိန် သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

သူမ၏ မွေးနေ့ခရစ်နှစ်မှာ ၁၃ အောက်တိုဘာ ၁၉၉၈ ခုနှစ်ဖြစ်ကြောင်း သိရသည်။ ‘ဒီနေ့ဟာ မြတ်နိုးရဲ့ ၁၆
နှစ်ပြည့်မွေးနေ့ ဖြစ်ပါတယ်။ မြတ်နိုးမွေးနေ့နဲ့ ရုပ်ရှင်သက် ကြီးပူဇော်ပွဲနေ့တိုက်ဆိုင်နေတဲ့အတွက် အစားအသောက် ရယ်၊ မျက်နှာနဲ့ဆိုင်တဲ့ ပစ္စည်းတွေကိုလှူဒါန်းဖြစ်ပါတယ်။ အစကဘိုးဘွားရိပ်သာ မှာ မြတ်နိုး သွားလှူမလို့ပါ။ အခုတော့ ဒီက ဘိုးဘွား ၁၅၀ စာအတွက် အလှူထည့် ၀င်ဖြစ်တယ်’ဟု ၎င်း က ပြောဆိုခဲ့သည်။

လက်ရှိတွင် သူမ၏ ဂီတလှုပ်ရှားမှုနှင့်ပတ်သက်၍လည်းသူငယ်ချင်းများနှင့်စုပေါင်း၍သီဆိုထားသည့် အခွေထွက်ရှိရန် စီစဉ်နေကြောင်း၊ အနုပညာလှုပ်ရှားမှုနှင့်ပတ်သက်၍သရုပ်ဆောင်ဖြိုးငွေစိုးနှင့် ဇာတ် ကားနှစ်ကားရိုက်ရန် ကမ်းလှမ်းခံထားရကြောင်းသိရသည်။

‘ဒါရိုက်တာ မောင်ဒေါနရိုက်ကူးမည့် သွေးဆောင်ဖြားယောင်းတဲ့သူကို ကျေးဇူးဆပ်ပါ မယ်ဆိုတဲ့ ဇာတ်ကား ရယ်၊ ဒါရိုက်တာ ညိုမင်းလွင်ရိုက်ကူးမယ့် ပလပ်ကျွတ်သွားတဲ့ချစ်သူဆိုတဲ့ ဇာတ်ကားလေးတွေရိုက်ဖို့ရှိ တယ်’ဟု မေမြတ်နိုးက ပြောသည်။ ၀ါရင့်အနုပညာရှင်များထဲမှ ဂီတသရုပ်ဆောင်ပိုင်းတွင် အောင်မြင်
ကျော် ကြားသည့် ထွန်းအိန္ဒြာဗို၊ချစ်သုဝေတို့ကို အားကျကြောင်းနှင့် အနုပညာလုပ်ငန်းအပေါ် ထားရှိ
သည့်စိတ်ထားနှင့် ပတ်သက်၍ ယင်းကဲ့သို့ ပြောဆိုခဲ့သည်။

‘ဂီတ၊ မော်ဒယ်လ်လုပ်ငန်းရဲ့ အဓိကအသက်က သရုပ်ဆောင်လုပ်ငန်းဟာ အမြင့်ဆုံးပါ။ သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့လည်းခက်ခဲပါတယ်။ မြတ်နိုးအနေနဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်
အောင် ရှေ့ဆက်ကြိုးစားသွားပါမယ်’ဟု မေမြတ်နိုးက စံတော်ချိန်သို့ ဆက်လက်ပြောဆိုခဲ့သည်။

searchmyanmar

မှတ်ချက်များ