အီဘိုလာရောဂါ တိုက်ဖျက်ရန်အတွက် မက်ခ်ဇူကာဘတ်မှ ဒေါ်လာ၂၅ သန်း လှူဒါန်း


Facebook ၏ အမှုဆောင်အရာရှိချုပ် မက်ခ်ဇူကာဘတ်နှင့် ၎င်း၏ ဇနီးဖြစ်သူတို့သည် အီဘိုလာရောဂါ တိုက်ဖျက်မှုကို ကူညီပေးရန်နှင့် ရောဂါကို ထိန်းချုပ်မှုများ ပြုလုပ်ရန်အတွက် ဒေါ်လာ၂၅ သန်း လှူဒါန်းခဲ့ သည်။

မက်ခ်ဇူကာဘတ်သည် ၎င်း၏ Facbook စာမျက်နှာတွင် အီဘိုလာရောဂါသည် လျင်မြန်စွာ ပျံ့နှံ့နေလျက် ရှိသောကြောင့် အရေးကြီးဆုံးသော အချိန်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ လူသားများအနေဖြင့် အီဘို လာရောဂါကို အချိန်တိုအတွင်း ထိန်းချုပ်ရန် လိုအပ်ကြောင်း၊ သို့မှသာ ရောဂါဆက်လက် ပျံ့နှံ့မှု ဖြစ်ပေါ်
နိုင် မည် မဟုတ်ကြောင်း၊ သို့မဟုတ်ပါက HIV သို့မဟုတ် ပိုလီယိုကဲ့သို့ ဆယ်စုနှစ်ပေါင်းများစွာ တိုက် ဖျက်နေရသည့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ပြဿနာတစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း ရေးသားခဲ့သည်။

ထို့အပြင် အီဘိုလာရောဂါသည် အမေရိကန်နိုင်ငံတွင် ပျံ့နှံ့နေပြီး လွန်ခဲ့သည့် ရက်သတ္တပတ် အနည်းငယ် ခန့် အတွင်း ရောဂါကူးစက်မှုများကြောင့် သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ အမေရိကန်နိုင်ငံရှိ တာဝန်ရှိသူ များက ဒေသတွင်း ဆေးရုံများတွင် ၎င်းရောဂါကို ရှာဖွေရန် သို့မဟုတ် ထိန်းချုပ်ရန်အတွက် ကိရိယာများကို တပ်ဆင်ပေးနေကြောင်း သိရသည်။

Facebook ၏ အမှုဆောင်အရာရှိချုပ် ဇူကာဘတ်က ၎င်း၏အကူအညီများသည် အီဘိုလာရောဂါ တိုက် ဖျက်ရာတွင် အရေးပါသည့် ရောဂါကုသရေး စင်တာများကို တည်ထောင်ခြင်းနှင့် ဒေသတွင်း ဝန်ထမ်း များကို လေ့ကျင့်မှုများ ပြုလုပ်ပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Internet Journal

မှတ်ချက်များ