မိခင်ဖြစ်သူအား သမီးရင်းဖြစ်သူ(၂)ဦးမှ အ၀တ်၊ ကြိုးများဖြင့် တုတ်နှောင်၍ ရွှေထည်ပစ္စည်းနှင့် ငွေများ လုယူမှုဖြစ်ပွား

၁၄.၁၀.၂၀၁၄ ရက်နေ့ ၁၀၀၀ အချိန်ခန့်တွင် လှိုင် သာယာမြို့နယ်နေ ဒေါ်ခင်စန်း၊ (၆၉)နှစ်မှ ၎င်းအား တစ် အိမ်တည်းအတူနေ သမီးကြီးဖြစ်သူ မတင် တင်အေး၊ (၃၀)နှစ်နှင့် သမီးငယ် မအေးအေးသန်း၊ (၂၈)နှစ်တို့မှနေအိမ်၌ဆေးလူးပေး နေစဉ် သမီးကြီး မတင်တင်အေးမှ အင်္ကျီတစ်ထည်ဖြင့် ၎င်း၏ မျက်
နှာကိုအုပ်၍ ချည်နှောင်ခဲ့ပြီး သမီးငယ် မအေးအေး သန်းမှလည်း လက်နှစ်ဘက်ကို နှစ်ပင်လိမ် လျှပ်စစ် ၀ါယာကြိုးဖြင့် ကုလားထိုင်နှင့်တွဲ၍ ချည်နှောင်ခဲ့ သည့်အပြင် ခြေထောက် (၂)ချောင်းကိုလည်း ပူး၍ ချည်နှောင်ခဲ့ကြောင်း၊ ပြီးနောက် ၎င်း၏လည်ပင်း တွင် ဆွဲထားသော ရွှေဆွဲကြိုး(၁)ကုံး တန်ဖိုး (၁၃၈၀ ၀၀)ကျပ်၊ အတွင်းခံအင်္ကျီ အိတ် အတွင်းမှ ရွှေဆွဲသီး (၁)ခု တန်ဖိုး(၂၆၉၀၀၀)ကျပ်၊ ရွှေ လက်ကောက်(၂)ကွင်း တန်ဖိုး(၆၉၆၀၀၀) ကျပ်နှင့် အိပ်ယာအောက်တွင် ထားရှိသော ငွေကျပ် (၁၉၀၀၀၀)တို့အား ယူဆောင်သွားခဲ့ကြောင်း၊ ယင်းသို့ ကျူးလွန်ခဲ့ကြသည့် သမီး(၂)ဦး
ဖြစ်သူ မတင်တင်အေးနှင့် မအေးအေးသန်းတို့(၂)ဦးအား အရေးယူပေးပါရန် တိုင်တန်းခဲ့ပါသည်။

တိုင်တန်းချက်အရ လှိုင်သာယာမြို့မရဲစခန်း(ပ)၁၅၂၁/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၈၂/၃၄၂ ဖြင့် အမှုဖွင့်လှစ်ကာ
ပြစ်မှုကျူးလွန်သူ မတင်တင်အေးနှင့် မအေးအေးသန်းတို့(၂)ဦးအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်များ