ဖြူနှင်းထွေး လွတ်ပေမယ့်၊ သူ့လွတ်မြောက်ရေး ဆုတောင်းသူ တရားစွဲခံရ
မြန်မာဝမ်ပေါင်ကုမ္ပဏီက တရုတ်နိုင်ငံသား ၂ဦး ပြန်ပေးဆွဲမှုနဲ့ အဖမ်းခံရတဲ့ ကျောင်းသူလေး ဖြူနှင်းထွေး လွတ်မြောက်လာခဲ့ပြီ ဖြစ်ပေမယ့်၊သူ လွတ်မြောက်ရေး အတွက် မန္တလေး မဟာမုနိဘုရားကြီးမှာ ၀တ်ပြုဆု
တောင်းပွဲ ဦးဆောင်ခဲ့သူ တမာရိပ် အမျိုးသမီးအဖွဲ့ခေါင်းဆောင် မတင်မာရီင်္ (ခ)မနီကတော့ခွင့်ပြုချက်မယူ ဘဲ ဆုတောင်းပွဲ လုပ်ခဲ့တယ် ဆိုပြီး မန္တလေးချမ်းမြသာစည်မြို့နယ်ရဲတပ်ဖွဲ့က ပုဒ်မ(၁၈) နဲ့ အမှုဖွင့် ခေါ်ယူ စစ်ဆေးတာ ခံနေရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ရက်နေ့ ညနေပိုင်းက မန္တလေး မဟာမုနိဘုရားကြီးမှာ မတင်မာရီ(ခ) မနီ ဦးဆောင် ပြီး အမျိုးသမီးအဖွဲ့ဟာ မဖြူနှင်းထွေး လွတ်မြောက်ရေးအတွက်ဆုတောင်းပွဲ လုပ်ခဲ့ကြခြင်းဖြစ်ပြီး၊ အောက် တိုဘာ ၃ ရက်နေ့မှာတော့ မန္တလေးချမ်းမြသာစည်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးမြင့်ဇော်က တရားလိုပြုလုပ်ကာ အမှု ဖွင့်ခဲ့ခြင်းဖြစ်ပါတယ်။
မတင်မာရီကတော့ “အခုလို ပုဒ်မ၁၈နဲ့အမူဖွင့်တာ လက်မခံပါဘူး။ကျမတို့က ဆန္ဒပြတာ မဟုတ်ဘူး၊ ဆုတောင်းမေတ္တာ ပို့တာ။နောက်ပြီး အမျိုးသမီးအခွင့်အရေးအပြည့်အဝရဖို့ ဆုမွန်တောင်းတာ ဗီနိုင်း (ဆိုင်းဘုတ်)မှာလည်း ဒါပဲ ရေးထားတာ၊ဒါဟာ အမျိုးသမီးအခွင့်အရေးပြဋ္ဌာန်းခဲ့တဲ့ စီဒေါ သဘောတူညီချက် နဲ့လည်း ညီပါတယ်” လို့ ဆိုပါတယ်။
လာမယ့် တနင်္လာနေ့မှာ အမှတ်(၁၀) တမ္ပဝတီရဲစခန်းက မတင်မာရီကို ထပ်မံ ခေါ်ယူ မေးမြန်းဖို့ ဆင့်ခေါ် ထားတယ် လို့သိရပါတယ်။
ဧရာဝတီ

မှတ်ချက်များ