လူ ၃၉ ဦးကို သွေးအေးအေးဖြင့် သတ်ဖြတ်ခဲ့သည့် ဆေးရုံစောင့် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိ
ဘရာဇီး ရဲတပ်ဖွဲ့သည် လူ ၃၉ ဦးကို သွေးအေးအေးဖြင့် သတ်ဖြတ် ခဲ့သည့် ဆေးရုံစောင့် အမျိုးသား တစ်ဦး အား ဖမ်းဆီး နိုင်ခဲ့ကြောင်း ဒေသတွင်း သတင်းဌာန များက အောက်တိုဘာ ၁၆ ရက်တွင် ဖော်ပြ ခဲ့သည်။
အသက် ၂၆ နှစ်အရွယ် သီယာဂိုရိုချာ အမည်ရှိ အမျိုးသားသည် နိုင်ငံ အလယ်ပိုင်း ဂွိုက်အက်စ် ပြည်နယ် မှ ဖြစ်ပြီး ၄င်းသည် ၁ဝ လအတွင်း လူ ၃၉ ဦးကို သတ်ဖြတ် ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။ ၄င်း အမျိုးသားသည် စိတ်ဆိုး ဒေါသ ထွက်သည့် အချိန်တိုင်းတွင် တွေ့ရှိသမျှ လူများကို သတ်ဖြတ် လေ့ရှိပြီး ၄င်း၏ သတ်ဖြတ် မှုကြောင့် သေဆုံးသူ များမှာ ၄င်းနှင့် ဆက်နွှယ်မှု မရှိကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့ အကြီး အကဲက ပြောကြား ခဲ့သည်။
ရဲတပ်ဖွဲ့သည် ၄င်း၏ ၄ဝ ဦးမြောက် လူတစ်ဦးကို ယမန်နေ့တွင် သတ်ဖြတ်ရန် ကြိုးပမ်း နေစဉ် ဖမ်းဆီးရမိ ခဲ့ခြင်း ဖြစ်ကြောင်း၊ ရိုဂျာ သည် ဂွိုက်အက်စ် ပြည်နယ် အတွင်းရှိ မိခင်နှင့် ကလေး စောင့်ရှောက်ရေး ဆေး ရုံမှ အစောင့်တစ်ဦး ဖြစ်ပြီး လူများကို သွေးအေးအေး ဖြင့် သတ်ဖြတ် ခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင် များ က ပြောကြားခဲ့ပြီး ၄င်း အမျိုးသားကို ပြစ်ဒဏ် ချမှတ်နိုင်ရန် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
PyiChitThar

မှတ်ချက်များ